Part 10

1.2K 175 2
                                    

Unicode
Chapter 10: ဘူးသီးလေးများအဖွဲ့

ကျန်းရှောင်ယွီသည် လက်ရွေးစင်အသင်း၏ အသေးစိတ်အချက်အလက်နှင့် ဤကမ္ဘာ့စီးရီးတွင် တရုတ်လက်ရွေးစင်အသင်း၏ စွမ်းဆောင်ရည်အား မြင်ပြီးဖြစ်သည်။ ဤလက်ရွေးစင်အသင်း၏ ဂုဏ်ပုဒ်အား ဆက်လက်ထိန်းသိမ်းနိုင်သူမှာ အနည်းငယ်အတွေ့အကြုံရှိပြီး‌သော ဝါရင့်ကစားသမားများဖြစ်သည်။ လူသစ်များမှာ ပြည်တွင်းပြိုင်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်သော်လည်း သူတို့သည် ကမ္ဘာ့စီးရီးတွင် အမှားများလုပ်ခဲ့သည်။

ဆယ်ကျော်သက် လူသစ်များသည် ပြိုင်ပွဲ၏ရှုံးနိမ့်ခြင်းအတွေ့အကြုံကို တစ်ခါမျှမခံစားဖူးဘဲ ပထမအကြိမ်ပြည်ပသို့ သွားရောက်ရ‌သောအခါ အလွန်တုန်လှုပ်နေခဲ့သည်။ သူတို့ထံမှ ပြည်တွင်းပရိသတ်များ ပို၍မျှော်လင့်လေလေ သူတို့၏စိတ်ပိုင်းဆိုင်ရာဖိအားများလေလေဖြစ်သည်။ ပြိုင်ပွဲအတွင်း သူတို့သည်စွမ်းဆောင်ရည်ပြရန် စိတ်အားထက်သန်လွန်းကာ သည်းမခံနိုင်ခဲ့ပေ။ ထို့နောက် ဂိမ်းနှစ်ပွဲဆက်တိုက်ရှုံးသွားပြီးနောက် သူတို့၏စိတ်ဓာတ်မှာ လုံးဝပြိုလဲသွားခဲ့သည်။ 

ဤဆယ်ကျော်သက်များ လျင်မြန်စွာကြီးထွားရန် စိတ်ဓာတ်မြှင့်တင်ပေးရန် လိုအပ်နေခဲ့သည်။

Casually: ငါအလုပ်များတယ်။ ခဏနေကျ အပြင်သွားရမယ်။ 

Casually: မင်းတို့ထဲက ဘယ်သူအရင်ထွက်လာမလဲ။

ကျန်းရှောင်ယွီသည် စကားအားတုံးတိပြောလိုက်ကာ စကားလုံးတစ်လုံးချင်းစီမှာ စိတ်အားနှိုးဆွပေးသည်။ သူသည် ဤလူငယ်အဖွဲ့၏‌ ဒေါသကိုအမှန်တကယ်ပင် နှိုးဆွပေးလိုက်သည်။

SS777: ကျွန်မလာမယ်။

SS777: ကျွန်မရှင့်ကို ဒီနေ့မနိုင်ရင် ရှင့်ရဲ့မျိုးရိုးနာမည်ကို ယူမယ်။

Casually: ငါ့မျိုးရိုးနာမည်နဲ့ လူနှစ်‌ယောက်ရှိနှင့်ပြီးသားပဲ။

Casually: ဟန်တျန်းက ပထမကလေး။ ရှောင်ဘင်းက ဒုတိယကလေး။ မင်းကတတိယကလေးဖြစ်ချင်တာလား။ 

လူတိုင်း: “……”

ဤ ‘ဘူးသီးလေးများအဖွဲ့’၏ နာမည်ပြောင်မှာ ပယ်ဖျက်၍မရနိုင်တော့ပေ။ Casually သာ်သူတို့အား နံပါတ်ပင်တပ်လိုက်ကာ တတိယနေရာသို့ပင် ရောက်နှင့်သွားသလား။ 

ရွှေအဆင့်နည်းပြWhere stories live. Discover now