Part 59

769 112 0
                                    

Chapter 59 : မေးခွန်းမေးခြင်း

ကျန်းရှောင်ယွီသည် ရှုချန်အား လွှတ်လိုက်ပြီး ရုံးမှထွက်လာခဲ့သည်။ ကျွီဟန်သည် သူ့အား တံခါးဝ၌ စောင့်နေကာ သိချင်စိတ်နှင့်မေးလိုက်သည်။ "ရှုချန်နဲ့ပတ်သက်ပြီး မင်းဘာလုပ်မှာလဲ"

ကျန်းရှောင်ယွီသည် ရိုးရှင်းစွာပြန်ဖြေလိုက်သည်။ "ငါသူ့ကို ခေါ်သွားမယ်"

ကျွီဟန်သည် ခဏတာကြောင်သွားကာ အသံတိုးတိုးပြောလိုက်သည်။ "မင်းကမျက်နှာသာပေးပြီး အာဏာကို အလွဲသုံးစားလုပ်နေတယ်လို့ နောက်ကွယ်ကနေ ပြောကြမှာကို မကြောက်ဘူးလား"

ကျန်းရှောင်ယွီ မျက်ခုံးပင့်လိုက်သည်။ "ငါ့နောက်ကွယ်မှာ သူများတွေအတင်းပြောနေတာကို ငါဂရုစိုက်ရမှာလား။ ငါလက်ရွေးစင်နည်းပြဖြစ်လာပြီး နိုင်ငံတစ်ဝှမ်းက လူတွေကငါ့ကို အမျိုးမျိုးအကဲဖြတ်ကြလိမ့်မယ်။ ဘယ်သူက လက်ရွေးစင်အသင်းထဲ ၀င်ချင်နေပါစေ မယုံတဲ့သူတွေ အမြဲရှိနေမှာပဲ။ အဲဒီလူတွေရဲ့ ပါးစပ်ကို ပိတ်ထားဖို့ တစ်ခုတည်းသော နည်းလမ်းက ရလဒ်တွေကို ပြသဖို့ပဲ"

သူသည် နိုင်ငံလက်ရွေးစင်အသင်းနည်းပြဖြစ်လာခဲ့သည်။ သူ့နောက်ကွယ်အား ကြောက်ရွံ့နေချိန် ရှေ့သို့မျှော်ကြည့်သည်မှာ ကျန်းရှောင်ယွီ၏ ပုံစံမဟုတ်ပေ။ သူသည် သူ့အကြောင်း အခြားသူများ မည်သို့ပြောမည် သို့မဟုတ် မည်သို့ကဲ့ရဲ့မည်ကို မကြောက်ပါ။ ကြည်လင်သောအသိစိတ်ရှိရုံသာ လုံလောက်သည်။

ကျွီဟန် ပြုံးလိုက်သည်။ "ကောင်းပြီ။ လက်ရွေးစင်အသင်းကိစ္စက မင်းဆုံးဖြတ်ဖို့ပဲ"

ကျန်းရှောင်ယွီ ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ။ မသွားခင်TNGရဲ့ နည်းပြဝန်ထမ်းတွေနဲ့ စကားပြောကြရအောင်"

ထိုအချိန်တွင် ယွီမင်းကျန်းနှင့် ကျင်းဘိုတို့အား မန်နေဂျာရှောင်း ကိုယ်တိုင် အဖော်ပြုရင်း အစည်းအဝေးခန်းတွင် ထိုင်နေကြသည်။ သူသည် လက်ထောက်အား လက်ဖက်ရည်သောက်ပြီး ရေထည့်ခိုင်းကာ အလွန်စိတ်အားထက်သန်‌နေခဲ့သည်။ မန်နေဂျာရှောင်းက ယွီမင်ကျန်းအားပြုံးပြပြီး မေးလိုက်သည်။ "အသင်းခေါင်းဆောင်ယွီ၊ အခု လက်‌ရွေးစင်အသင်းမှာ လူဘယ်နှစ်ယောက်ရှိနေပြီလဲ။ တက်သစ်စကြယ်ပွင့်ဖလားမှာ ထိပ်တန်း သုံးယောက်ကို ရွေးပြီးပြီလား"

ရွှေအဆင့်နည်းပြOpowieści tętniące życiem. Odkryj je teraz