Part 53

804 100 0
                                    

Chapter 53 : လက်ရွေးစင်အသင်းသို့ ဝင်ရောက်ခြင်း

ညစာစားပြီးနောက် အစ်မယွီသည် ယာဉ်မောင်းအား ပိုင်ဖန်း၊ ကွေ့စေရန်နှင့် ဟွားရန်တို့ကို ပြိုင်ပွဲဝင်များတည်းခိုသည့် ဟိုတယ်သို့ ပြန်ခေါ်သွားခိုင်းသည်။

ကားသည်ဟိုတယ်အဝင်ဝ၌ ရပ်ထားကာ ပိုင်ဖန်းသည် ကားထဲမှ နောက်ဆုံးထွက်ခဲ့သည်။ တံခါးအားမပိတ်ဘဲ လက်တစ်ဖက်ဖြင့် ကာထားသည်။ သူသည်ကားကိုမှီပြီး ကျန်းရှောင်ယွီအား ပြောလိုက်သည်။ "ဆရာ ကျွန်တော့်ကို ၁၀ မိနစ်လောက်စောင့်။ ကျွန်တော်ခရီးဆောင်အိတ်ယူဖို့ အပေါ်ထပ်တက်လိုက်ဦးမယ်"

ကျန်းရှောင်ယွီ: "......"

ဤလူနောက်နေသည်ဟု သူထင်ခဲ့သည်။ မထင်မှတ်ဘဲ ပိုင်ဖန်းသည် သူ့ခရီးဆောင်အိတ်ကို ပြိုင်ပွဲသို့ တကယ်ပင်ယူလာခဲ့သလား။

ကျန်းရှောင်ယွီသည် ပိုင်ဖန်း၏စိတ်အားထက်သန်သော မျက်လုံးများကို မြင်လိုက်ရပြီး မငြင်းဆန်နိုင်တော့ပေ။ သူခေါင်းညိတ်ပြရသည်။ "ကောင်းပြီ၊ သွားယူလိုက်"

ပိုင်ဖန်းသည် အမြန်နောက်လှည့်ကာ ဓာတ်လှေကားထဲသို့ ဝင်သွားသည် ။

သူသည် ခရီးဆောင်အိတ်ကိုယူရန် သူ့အခန်းသို့ပြန်သွားကာ သော့ကတ်ကိုယူပြီး ဟိုတယ်ရှေ့ကောင်တာတွင် ငွေရှင်းခဲ့သည်။ ထို့နောက် သူသည်ကားပေါ်သို့ အမြန်လျှောက်သွားကာ ခရီးဆောင်အိတ်ကို လက်တစ်ဖက်ဖြင့် တင်လိုက်သည်။

ဤမီနီဗန်ကားသည် လူရှစ်ဦးထိုင်နိုင်ပြီး အလွန်ကျယ်ဝန်းသည်။

ပိုင်ဖန်းသည် ကားထဲသို့ဝင်လာပြီး ကျန်းရှောင်ယွီ၏ဘေးတွင် အရင်ထိုင်လိုက်သည်။ သူသည် သူ့သခင်အား ပြုံးပြသည်။

ကျန်းရှောင်ယွီ၏နားထင်ရှိ သွေးကြောများသည် အနည်းငယ်လှုပ်သွားသည်။ သူ့တပည့်သည် အမြဲတမ်း မြန်မြန်ဆန်ဆန် လုပ်သည်။ သူသည် လူများမငြင်းဆိုနိုင်အောင် ပိတ်ဆို့ရန် လက်ရွေးစင်အသင်း၏ ဂိတ်ပေါက်သို့ နှစ်ကြိမ်တိုင်တိုင် ပြေးခဲ့သည်။ ယခုသူသည် ထုပ်ပိုးထားသော ခရီးဆောင်အိတ်ဖြင့် ပြိုင်ပွဲကို ရောက်လာပြီး ပြိုင်ပွဲပြီးပြီးချင်း နိုင်ငံအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ အံ့သြစရာပင်။

ရွှေအဆင့်နည်းပြWhere stories live. Discover now