Part 107

289 52 0
                                    

Chapter 107 : လေ့ကျင့်ရေးခက်ခဲမှု

ကျန်းရှောင်ယွီသည် ကစားသမားများအား ဆော့ဖ်ဝဲလ်အသုံးပြုမှုကို သရုပ်ပြခြင်းပြီးသွားကာ လူတိုင်းအားပြောလိုက်သည်။ "ဆော့ဖ်ဝဲလ်ထဲကိုဝင်ပြီး အရင်စမ်းကြည့်ကြ"

ကျင်းဘိုသည် ရှေ့သို့တိုးကာ ရှင်းပြလိုက်သည်။ "အားလုံးပဲ၊ ကျေးဇူးပြုပြီး 'လက်ရွေးစင်အသင်း နေ့စဉ်လေ့ကျင့်ရေး' အစီအစဉ်ကို desktop ပေါ်မှာဖွင့်လိုက်ပါ။ အကောင့်ကော်လံမှာ နာမည်ကိုထည့်သွင်းပြီး ကနဦးစကားဝှက်က‌ 66ပါ။ လော့ဂ်အင်ဝင်ပြီးနောက် မင်းတို့စကားဝှက်ကို မင်းတို့ကိုယ်တိုင် ပြောင်းနိုင်တယ်။

သူတို့အားလုံးသည် သူတို့၏ အကောင့်များသို့ ဝင်ရောက်ရန် ဆော့ဖ်ဝဲလ်ကို ဖွင့်ခဲ့ကြသည်။

ကျန်းရှောင်ယွီ၏အက်ဒမင် ဆော့ဖ်ဝဲလ်interfaceသည် ကိုယ်ပွားများတစ်ခုပြီးတစ်ခုပေါ်လာသည်ကိုမြင်နိုင်သည်။ ဥပမာအားဖြင့် ပိုင်ဖန်းလော့ဂ်အင်ဝင်ပြီးနောက် ပိုင်ဖန်းအားကိုယ်စားပြုသည့် ကိုယ်ပွားသည် တောက်ပလာပြီး အော့ဖ်လိုင်းဖြစ်သွားသောအခါတွင် မှောင်သွားမည်ဖြစ်သည်။ ကျန်းရှောင်ယွီသည် ကစားသမားတစ်ဦးကိုကြည့်ရှုလိုပါက ကစားသမား၏ကိုယ်ပွားကို တိုက်ရိုက်နှိပ်ပြီး သူတို့၏လေ့ကျင့်ရေးအကြောင်းအရာကို ကြည့်ရှုနိုင်သည်။

တစ်ချိန်တည်းမှာပင် ကစားသမားများ၏ကိုယ်ပွားများသည် 'ယနေ့အွန်လိုင်းအချိန်' နှင့် 'လက်ရှိလေ့ကျင့်ရေးပရောဂျက်' ကိုပြသမည်ဖြစ်သည်။ နာရီအနည်းငယ်ကြာလေ့ကျင့်ခဲ့သူများနှင့် ပျင်းရိရန်နည်းလမ်းမရှိသည်ကို တွေ့မြင်နိုင်သည်။ ကျန်းရှောင်ယွီ၏လိုအပ်ချက်အရ ဤလုပ်ဆောင်ချက်အားလုံးကို ကျင်းဘိုမှလုပ်ဆောင်ခဲ့သည်။

အဖွဲ့သား၁၁ဦးက ၎င်းနှင့်ရင်းနှီးစေရန် ဆော့ဖ်ဝဲလ်ကို နှိပ်လိုက်ကြသည်။

ကျန်းရှောင်ယွီသူတို့အားပြောလိုက်သည်။ "လေ့ကျင့်ရေးဆော့ဖ်ဝဲလ်နဲ့ သင်တန်းအစီအစဉ်နဲ့ပတ်သက်ပြီး မေးစရာတွေရှိရင် သူတို့ကိုအခုချက်ချင်း မေးနိုင်တယ်"

ရွှေအဆင့်နည်းပြWhere stories live. Discover now