Part 3

1.6K 222 1
                                    

Unicode
Chapter 3: အခြေအနေအား ထိန်းသိမ်းသည့်နည်းလမ်း

တရုတ်ပြည်သေနတ်ဘုရင် e-sports မိတ်ဖက်၏ ဌာနချုပ်ရုံးခန်းထဲရှိ အစည်းအဝေးခန်းမ။

ယွီမင်ကျန်းသည် သူ၏ဖုန်း‌အားဘေးတွင်ချကာ သူမ၏ဘေးတွင်ရှိသော အယ်လ်ဖာအား ပျော်ရွှင်မှုများပြည့်နေသည့် မျက်လုံးများနှင့် ကြည့်ခဲ့သည်။ “ဒုဥက္ကဌ ကျွီ၊ သူသဘောတူခဲ့ပြီ”

ကျွီဟန်သည် လှိုက်လှိုက်လှဲလှဲ ရယ်မောခဲ့သည်။ “သူဘောတူလိမ့်မယ်ဆိုတာ ငါထင်သားပဲ။ သူနှစ်ပေါင်းများစွာကြာ သေနတ်ဘုရင်ကို အာရုံစိုက်နေခဲ့ပြီး တရုတ်ပြည်မှာ သူစိတ်ချလို့မရသေးတဲ့ လူတွေရှိနေတုန်းပဲ။ မင်းစိတ်ပိုင်းဆိုင်ရာကတ်ကို ကောင်းကောင်းကစားခဲ့တယ်။ သူပြန်လာတာနဲ့ အားလုံးအဆင်ပြေသွားလိမ့်မယ်”

ယွီမင်ကျန်းသည် မျက်မှောင်ကြုတ်လိုက်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။ “ဒါပေမယ့် အားယွီတောင်းဆိုတဲ့ အချက်တွေက သူ့မှာနည်းပြပါဝါအပြည့်ရှိရမယ်။ သူကပဲလက်ရွေးစင်အသင်းကို ဘယ်လိုရွေးရမလဲနဲ့ အစပိုင်းနဲ့အစားထိုးကစားသမားတွေရဲ့ ရွေးချယ်စီမံမှုတွေကို နောက်ဆုံးပြောရေးဆိုခွင့်ရှိရမယ်တဲ့။ အထက်ကလူတွေက သဘောတူပါ့မလား။ ဒါကအကျိုးစီးပွား အငြင်းပွားမှုအများကြီး ပါဝင်လာနိုင်တယ်မလား”

ကျွီဟန်၏မျက်လုံးထဲတွင် အေးစက်မှုအပိုင်းအစများ တွေ့ခဲ့ရသည်။ “ငါဒါကိုလုပ်ဖို့ နည်းလမ်းရှာလိုက်မယ်။ လက်ရွေးစင်အသင်းမှာ ပြဿနာအများကြီးရှိနေပြီး ဒါတွေကိုဂရုစိုက်ဖို့အချိန်ပဲ။ အရင်ရာသီမှာတုန်းက စပွန်ဆာတွေက သူတို့ရဲ့ကြယ်ပွင့်တွေ အသင်းထဲဝင်ခွင့်ရဖို့ ပိုက်ဆံတွေသုံးခဲ့ကြတယ်။ ရလဒ်ကရော။ ကစားပွဲကစုတ်ပြတ်သွားပြီး အရမ်းရှက်ဖို့ကောင်းတယ်”

ယွီမင်ကျန်း: “......”

ကျွီဟန်ပြောသော ‘အသင်းထဲဝင်ရောက်ရန် ပိုက်ဆံသုံး’ခဲ့သောသူမှာ ယခင်လက်ရွေးစင်အသင်း၏ အဓိကသေနတ်ပစ်သူ မိုဟန်တျန်းဖြစ်သည်။ သူသည် ပြည်တွင်းအေအဆင့်လိဂ်တွင် အကောင်းဆုံးတက်သစ်စဆု၏ အနိုင်ရသူဖြစ်ခဲ့ကာ သူ၏ပရော်ဖက်ရှင်နယ်လိဂ် မှတ်ပုံတင်မှာ ‘Devil’ ဖြစ်သည်။ ဤသည်မှာ အင်္ဂလိပ်ဘာသာစကားဖြင့် နတ်ဆိုးဘုရင်ဟု ဆိုလိုသည်။ ပရိသတ်များမှာ သူ့အား ‘စနိုက်ပါနတ်ဆိုးဘုရင်’ဟူ၍လည်း ခေါ်ခဲ့ကြသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now