Part 8

1.2K 169 0
                                    

Unicode

Chapter 8: စိတ်ဓာတ်ပြိုလဲခြင်း

အရည်အသွေးပြည့်မီသူများ၏ သွေးစွန်းတိုက်ပွဲပုံစံမှာ ၅ပွဲပြိုင်ရမည်ဖြစ်သည်။ ကျန်းရှောင်ယွီသည် ပထမပွဲပြီးနောက် အများသူငှာချန်နယ်ပေါ်တွင် စာတစ်စောင်ပို့ခြင်းဖြင့် ပြိုင်ဘက်အား ကဲ့ရဲ့ခြင်းမှာ တမင်တကာပင်ဖြစ်သည်။ မိုဟန်တျန်းသည် ညံ့သောကစားသမား မဟုတ်သော်လည်း သူ၏စိတ်ပိုင်းဆိုင်ရာမှာ ပြိုလဲရန်လွယ်ကူသည်။ ကျန်းရှောင်ယွီသည် ဤလူငယ်လေး၏စိတ်ဓာတ် မည်မျှပြိုလဲနိုင်သည်ကို မြင်ချင်နေခဲ့သည်။ 

မိုဟန်တျန်းသည် အံကြိတ်ကာ အသက်ပြင်းပြင်းရှူပြီး ကွန်ပျူတာမောက်စ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ 

သူသည် Casually ထံမှာ ခေါင်းအနောက်ဘက်အပစ်ခံရသောအခါ နမော်နမဲ့ဖြစ်သွားခဲ့သည်။သူသည်ဒုတိယပွဲတွင် ၎င်းအားပြန်ရနိုင်သည်။သူသည် သေချာပေါက် ထပ်တူပြန်လုပ်မည်။ သူသည် Casually အား စက္ကန့်ပိုင်းအတွင်း ခေါင်းကိုပစ်ကာ အခြားသူများအား လက်ရွေးစင်အသင်းမှ သေနတ်ပစ်သမား၏အင်အားကို သိစေရမည်။

ပုန်းသူများဘက်တွင် သူ၏အဖွဲ့သားများမှာ ကျန်းရှောင်ယွီ၏ထက်မြက်သော စစ်‌ဆင်ရေးအား တွေ့ပြီးနောက် ပြင်းထန်သောချီးကျူးမှုများနှင့် ပြည့်နေခဲ့သည်။ အထူးသဖြင့် အရှုံးပေးမည်အားနှိပ်ခဲ့‌သည့် လူသုံးယောက်မှာ သူတို့၏စိတ်ထဲ၌ ရှက်နေမိခဲ့ကြသည်။ 

Fruit Pie သည် ဤသို့မပြောဘဲမနေနိုင်ခဲ့ပေ။ “ကြီးမြတ်တဲ့အရှင်၊ ခင်ဗျားကအရမ်းအားသန်တာပဲ။ ခင်ဗျားကနောက်ကစားပွဲရဲ့ ကြီးကြပ်ရေးမှူးဖြစ်လိုက်။ ကျွန်တော်တို့ကို ဘာလုပ်စေချင်လဲ” 

Pudding Jelly သည်အမြန်သဘောတူခဲ့သည်။ “ဟုတ်တယ် ကျွန်တော်တို့ ခင်ဗျားနဲ့ပူးပေါင်းမယ်” 

သူ၏အသင်းသားများမှာ ပူးပေါင်းချင်စိတ်ရှိ‌ကြသောကြောင့် ကျန်းရှောင်ယွီသည် လုံးဝယဉ်ကျေးမနေတော့ဘဲ တည်ငြိမ်စွာပြောလိုက်သည်။ “နောက်တစ်ပွဲမှာ ငါတို့လူစုခွဲပြီး ရန်သူကိုအဆောက်အဦးအပြင်ဘက်ကို ထွက်လာအောင် တိုက်ရမယ်။ Fruit Pieက ဘယ်ဘက်သွား၊ Puddingကအလယ်၊ Gun King No. 77က အရှေ့တောင်ဘက်ထောင့်နားက နေရာအမြင့်ကိုယူလိုက်။ Doudou ကတော့ ငါ့နောက်ဆက်လိုက်နေ” 

ရွှေအဆင့်နည်းပြWhere stories live. Discover now