Part 18

1.1K 156 0
                                    

Unicode
Chapter 18: ACE၏ အတိတ်

နေ့လယ် ၁၂နာရီ၌ လက်ရွေးစင်အသင်း၏ ကစားသမားများ ကော်ဖီဆိုင်သို့ လာခဲ့ကြသည်။ မိမိကိုယ်ကိုသုံးသပ်သည့်စာကို ရေးခဲ့သည့် လူသစ်များမှာ နည်းပြကျန်းကို မြင်ကာ ကြောင်တစ်ကောင်အားတွေ့သော ကြွက်တစ်ကောင်ကဲ့သို့ အမြန်လှည့်ပြေးသွားခဲ့သည်။ သူတို့သည် အဖမ်းခံရကာ အဆူခံရမည်ကို ကြောက်နေခဲ့ကြသည်။ 

ထိုစဉ်ယယ်ကျင်းမင် ရောက်လာခဲ့သည်။ သူသည် မိမိကိုယ်ကိုသုံးသပ်စာများ ရေးရာတွင် အလွန်ကျွမ်းကျင်လှသည်။ သူသည် မနေ့ညက သုံးနာရီ၌ ရေးခြင်းပြီးသွားကာ ၁၁နာရီမတိုင်မချင်း အိပ်နေခဲ့သည်။ သူသည်မုတ်ဆိတ်မွေးရိတ်ကာ ရေချိုးခေါင်းဖြီးပြီး သန့်ရှင်းသောအဝတ်အစားများအဖြစ် လဲလိုက်သည်။ 

မနေ့ညက သူသည်လောင်လင်း၏ဖုန်းကို ဖြေခဲ့ကာ ‌ကျန်းရှောင်ယွီ၏အေးစက်စက် အသံကြောင့် နိုးလာခဲ့သည်။ သူသည်အလျင်လိုနေခဲ့သောကြောင့် မျက်နှာပင်မသစ်ဘဲ သူတောင်းစားအုပ်စု၏ ခေါင်းဆောင်ကဲ့သို့ သွားခဲ့သည်။ 

ယခုသူသည် ပြင်ဆင်ပြီးကာ အလွန်ချောမောနေခဲ့သည်။ 

ယယ်ကျင်းမင်တွင် ချစ်ခြင်းမေတ္တာပြည့်နေသော မက်မန်းရောင်တောက်ပသည့် မျက်လုံးများရှိနေခဲ့သည်။ သူသည်လူများအား ညင်သာစွာ ပြုံးပြလိုက်‌သောအခါ နူးညံ့သွားစေရန်လွယ်ကူသည်။ သို့သော် ကျန်းရှောင်ယွီသည် ဤလူ၏ အရေထူထူကို နားလည်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူသည် ယယ်ကျင်းမင် အပြုံးနှင့်အနားကပ်လာသည်ကိုမြင်ကာ ချက်ချင်းစားပွဲကို သူ၏တူများနှင့် ရိုက်လိုက်သည်။ “ဝေးဝေးမှာထိုင်နေ” 

ယယ်ကျင်းမင်သည် ဝမ်းနည်းသည့်ပုံ ဟန်ဆောင်နေစဉ် ဘေးသို့ရွှေ့လိုက်သည်။ “အစ်ကို့ရဲ့အသင်းသားဟောင်းအပေါ် အရမ်းရက်စက်လွန်းတာလား။ ကျွန်တော်က ပိုးမွှားလည်းမဟုတ်ဘူး” 

ကျန်းရှောင်ယွီသည် သူ့အားပုံမှန်သာပြောခဲ့သည်။ “မင်းစားလို့ပြီးတာနဲ့ ရုံးခန်းကိုလာခဲ့” 

ယယ်ကျင်းမင်သည် မျက်တောင်ခတ်နေခဲ့သည်။ “အတိတ်ကအကြောင်းတွေ ပြန်ပြောဖို့လား” 

ရွှေအဆင့်နည်းပြWhere stories live. Discover now