Part 12

1.1K 175 0
                                    

Unicode

Chapter 12: နည်းပြအသစ် 

ကားတစ်စီးသည် e-sports လိဂ်၏ဌာနချုပ်များဆီသို့ လျင်မြန်စွာ မောင်းနှင်သွားခဲ့သည်။ကျွီဟန်သည် ကျန်းရှောင်ယွီနှင့် အခန်းတံခါးရိုတွန်းဖွင့်လိုက်ကာ ပြုံးပြခဲ့သည်။ “‌ဆရာတို့ အကြာကြီးစောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်။ ဒါကကျွန်တော်ပြောဖူးတဲ့ ကျန်းရှောင်ယွီပါ။ အားယွီ၊ ဒါက e-sports လိဂ်ရဲ့ ဥက္ကဌလီနဲ့ ဥက္ကဌကျန်းပါ” 

ကျန်းရှောင်ယွီသည် ရှေ့သို့ယဉ်ကျေးစွာ တိုးလာကာ ခေါင်းဆောင်များနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ 

ဥက္ကဌကျန်းသည် အသက်၄၀အရွယ် လူလတ်ပိုင်းတစ်ယောက်ဖြစ်သည်။ သူသည် အမြဲပြုံးနေကာ စကားပြောရအဆင်ပြေမည့်ပုံပေါ်သည်။သူသည် ကျန်းရှောင်ယွီအား ထိုင်ခိုင်းကာ စိတ်အားထက်သန်စွာ ပြောခဲ့သည်။ “ACE အဖွဲ့ရဲ့ Wing ဟုတ်တယ်မလား။ ငါရှောင်ကျွီမင်းအကြောင်းပြောတာကြားဖူးတယ်။ ဒါကအရမ်းမိုက်တာပဲ။ ငါကအထူးတလည်ဘာမှမရှိဘဲ ဂိမ်းတွေနဲ့ပတ်သက်ပြီးလည်း ဘာမှမသိဘူး။ ငါတို့မင်းကို သေနတ်ဘုရင်ရဲ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်ဖို့ဆုံးဖြတ်လိုက်တာကြောင့် ငါတို့ မင်းကို လက်ရွေးစင်အသင်းကို ယုံကြည်ချက်ရှိရှိ လွှဲပေးလိုက်မယ်” 

ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်လိုက်သည်။ “လက်ခံပေးလို့ ကျေးဇူးပါ ဥက္ကဌ။ ကျွန်တော် လက်ရွေးစင်အသင်းကို ဦးဆောင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ” 

အစပိုင်း၌ ခေါင်းဆောင်များမှာ သူတို့အား ကျွီဟန်ပြောပြသော ဂန္တဝင်ပုံပြင်မှာ ဇာတ်လမ်းအားချဲ့ကားရန် အသေးစိတ်ထပ်ထည့်နေခြင်းသာဖြစ်သည်ဟု ခံစားမိခဲ့သည်။ သူသည် e-sports ကစားသမားမျှသာဖြစ်သည်။ သူသည်ချန်ပီယံရှစ်ဖလားအားအနိုင်ရရန် သူ၏အသင်းအားဦးဆောင်နိုင်လျှင်ပင် သူ့တွင် လက်ရွေးစင်အသင်းအား ထိန်းချုပ်နိုင်စွမ်းရှိမည်လား။ 

ထို့နောက် လူအားကိုယ်တိုင်တွေ့ဆုံပြီးနောက် လူတိုင်း၏အတွေးများ ပြောင်းလဲသွားခဲ့သည်။

ဤကျန်းရှောင်ယွီသည် တည်ငြိမ်လွန်းသည်။ သူသည် လမ်းလျှောက်စက်ရုပ်ကဲ့သို့ တည်ငြိမ်လှသည်။ ဤသည်မှာအလွန်ခေါင်းမာသော အားကောင်းသည့်လူတစ်ယောက်ဖြစ်ပုံပေါ်သည်။ 

ရွှေအဆင့်နည်းပြWhere stories live. Discover now