Part 106

326 58 2
                                    

Chapter 106 : ပထမဆုံးလေ့ကျင့်ရေးစခန်း

ဇွန်လ 15 ရက်နေ့ ည10နာရီတွင် ဆဋ္ဌမအကြိမ်မြောက် လက်ရွေးစင်ကစားသမားများ ရောက်ရှိလာခဲ့သည်။

ယွီမင်ကျန်းသည် ကျန်းရှောင်ယွီနှင့် သီးသန့်စကားပြောခဲ့ပြီး ပြောလိုက်သည်။ "သူတို့အားလုံး ဒီကိုရောက်နေပါပြီ။ အစည်းအဝေးလုပ်ဖို့ လူတိုင်းကို ခေါ်ရမလား"

"လူတော်တော်များများက တခြားနေရာကနေ ရောက်လာကြတာ။ သူတို့အရင်အနားယူပါစေ။ မနက်ဖြန် နေ့လည်စာစားပြီးတော့ နေ့လည် ၁နာရီမှာ အစည်းအဝေးခန်းမှာ စုဝေးကြမယ်"

ယွီမင်ကျန်းသည် နည်းပြကျန်း၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး ကစားသမားများသည် အနားယူရန် အခန်းများသို့ပြန်သွားကြသည်။

ရှားလီသည် သူ့ပစ္စည်းများကို ထုပ်ပိုးပြီး သူမဘေးက တံခါးကို သွားခေါက်လိုက်သည်။ "အကြီးဆုံးက‌လေးနဲ့ ဒုတိယကလေး ရောက်နေပြီလား။ ဘာလုပ်နေလဲ"

မိုဟန်တျန်း တံခါးဖွင့်လိုက်သည်။ "ကျွန်တော် အခန်းသန့်ရှင်းရေးလုပ်နေတယ်။ ထုပ်ပိုးပြီးပြီလား"

"ငါ့မှာ ပစ္စည်းအများကြီးမရှိလို့ ထုပ်ပိုးပြီးသား"

ရှီရှောင်ဘင်းမှာ တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။ သူ့သူငယ်ချင်းဟောင်း နှစ်ယောက်ကို တွေ့သည့်အခါ ပြုံးပြီးခေါင်းကိုကုတ်လိုက်သည်။ "ငါတို့ အတူတူနေရပြန်ပြီ"

ရှားလီတွေးမိလိုက်သည်။ "အရင်က အဖွဲ့ကို ဖျက်သိမ်းလိုက်တာလား"

မိုဟန်တျန်းသည် သူ့ဖုန်းကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ ယမန်နှစ်က သူတည်ဆောက်ခဲ့သော လက်ရွေးစင်အသင်း၏ ချစ်စရာလူသစ်အဖွဲ့တွင် ယခင်နိုင်ငံအသင်းသို့ ရောက်ရှိလာသူအသစ်များ ပါဝင်သည်။ မူလကအဖွဲ့ကို လူတိုင်း အကြံဥာဏ်များ ပိုမိုဖလှယ်နိုင်စေရန် စိတ်ကူးဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ စကားစမြည်ပြောပြီး အတင်းအဖျင်းပြောရန် အုပ်စုတစ်ခုဖြစ်လာခဲ့သည်။ သူတို့အတူတူ အပြစ်လုပ်ခဲ့ကြပြီး နည်းပြကျန်းမှ 'ဘူးသီးကလေးများ' ဟုခေါ်ခဲ့သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now