Part 84

429 60 0
                                    

Chapter 84 : နည်းလမ်းများ

CIP နှင့် RED တို့သည် ပြီးခဲ့သော နှစ်ရာသီအတွင်း နှိုင်းယှဉ်နိုင်သောရလဒ်များရှိသည်။ ပုံမှန်ရာသီများထဲ ဆုံတွေ့မှုများတွင် သူတို့၏နိုင်ပွဲများနှင့် အရှုံးများရှိခဲ့သည်။ CIP တွင် အသန်မာဆုံးကစားသမားမှာ စနိုက်ပါသမား မိုဟန်တျန်းဖြစ်သော်လည်း REDတွင် အားအ‌ကောင်းဆုံး ကစားသမားမှာ အားဖြည့်သူ ရှီရှောင်ဘင်းမဟုတ်ပါ။ ထိုသူမှာ ချေမှုန်းသူနှင့် သူတို့၏ ကပ္ပတိန် ကျိုးလီဖြစ်သည်။

မိုဟန်တျန်းနှင့် ရှီရှောင်ဘင်းတို့သည် ကောင်းမွန်သောဆက်ဆံရေးရှိကြပြီး ၎င်းတို့နှစ်ဦးသည် တူညီသောလူငယ်သင်တန်းကျောင်းမှဖြစ်သည်။ ဤသည်ကို ပရိသတ်များအားလုံး သိကြသည်။

ရှီရှောင်ဘင်း ယနေ့မလာသောအခါ မိုဟန်တျန်းအလွန်အံ့သြသွား‌သော်လည်း သူ့အသင်းဖော်ဆီမှ စကားတစ်ခွန်းမှာ သူ့စိတ်အား ချက်ချင်းပြန်ပြောင်းသွားစေသည်။ "မင်းရဲ့အိုင်‌ဒေါက လူကိုယ်တိုင်ကြည့်နေတယ်။ နတ်ဘုရားWingက မင်းမျက်ရည်ကျတဲ့အထိ ထပ်‌ဆူစေချင်တာလား"

မိုဟန်တျန်း အမြန်မတ်မတ်ထိုင်လိုက်သည်။ "ဒါဘယ်လိုဟာသလဲ။ ကောင်းကောင်းတိုက်မယ်"

ဂိမ်းအစတွင် REDသည် ပထမ‌ရွေးချယ်မှုကို ရရှိခဲ့သည်။ သူတို့သည် 'Life and Death Explosion' ပုံစံကို ရွေးချယ်ခဲ့ပြီး မြေပုံသည် ဂန္ထဝင်ပေါက်ကွဲမှုမြေပုံ 'Bewitching Town' ဖြစ်သည်။ ၎င်းသည် ပြင်သစ်ပုံစံ အဆောက်အအုံများ ပါသည့် မြို့တစ်မြို့ဖြစ်သည်။ မြေပုံတစ်ခုလုံးသည် တောက်ပနေပြီး နို့နှစ်အရောင်များစွာရှိသည်။ မြေပုံပေါ်တွင် ပေါက်ကွဲသည့် အမှတ်နှစ်မှတ်ရှိသည်။ အမှတ် Aသည် မြို့ရင်ပြင်တွင်တည်ရှိပြီး အမှတ် Bသည် စာကြည့်တိုက်၏ခေါင်မိုးဖြစ်သည်။

ပထမပိုင်းတွင် RED သည်ဓားပြဖြစ်ခဲ့သည်။ ပွဲအစ၌ သူတို့ငါးယောက်မှာ Aအမှတ်သို့ အတူတူ ပြေးကြသည်။ ဖောက်ခွဲရေးပစ္စည်းထုပ်သည် ကပ္ပတိန်ကျိုးလီနှင့်အတူ ရှိနေသည်။

CIPအဖွဲ့သည် သီးခြားစီ ကာကွယ်ခဲ့သည်။ မိုဟန်တျန်းသည် မြေပုံ၏ မြင့်သောနေရာကို သိမ်းပိုက်ပြီး သေနတ်ကို ကြိုတင်တပ်ဆင်လိုက်သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now