Part 49

728 85 0
                                    

Chapter 49: တက်သစ်စကြယ်ပွင့်များဖလား ဗိုလ်လုပွဲ

ချန်ရုံဟွမ်သည် အခန်းထဲပြန်သွားကာ သူ၏လက်မှတ်ကို ချက်ချင်းပြောင်းလိုက်သည်။ ထို့နောက် သူ့သူငယ်ချင်းနှင့် အင်တာနက်ကဖေး လုပ်ဖော်ကိုင်ဖက်အား ဖုန်းဆက်ပြီး "ငါချက်ချင်းပြန်မလာတော့ဘူး။ အင်တာနက်ကဖေးကို စောင့်ရှောက်ပေးပါဦး"

တစ်ဖက်လူမှာ အံ့ဩနေခဲ့သည်။ "မင်းထိပ်ဆုံးလေးယောက်ထဲ ရောက်အောင် မလုပ်နိုင်ခဲ့ဘူးမလား။ မင်းမြို့တော်မှာ ဘာလုပ်မလို့လဲ။ မင်း ဒီနည်းနဲ့ အော်ဒါတွေယူလို့မရဘူး"

ချန်ရုံဟွမ် ရယ်လိုက်သည်။ "အစ်ကို၊ နောက်ကျရင် ငါနဲ့ကစားဖို့ အပျော်တမ်းသမားတွေကို လိုက်မခေါ်တော့ဘူး။ သာမန်လူတွေကို မဖိတ်ခေါ်နိုင်တဲ့ ထိပ်တန်းကစားသမားတွေနဲ့ တွဲပစ်မယ်။ ဟားဟား"

တစ်ဖက်လူ ကြောင်သွားသည်။ "ဘာထိပ်တန်းကစားသမားလဲ။ မင်းခုထိ နိုးထမလာသေးဘူးလား"

ချန်ရုံဟွမ်သည်သူ့အား ထိတ်လန့်တကြား ထိန်းချုပ်လိုက်သည်။ "ဒါကလျှို့ဝှက်ချက်မို့ ပြောလို့မရသေးဘူး။ ရက်အနည်းငယ်စောင့်ပြီး သတင်းကြည့်လိုက်။ ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက်ကဖေးမှာ အစားအသောက်တွေကူ‌ပေးပြီး လက်ဆင့်ကမ်းဖို့ နောက်မှပြန်လာမယ်။ အဲ့နောက် အလုပ်လုပ်ဖို့ မြို့တော်မှာ‌နေမယ်"

ယခုအချိန်မှစ၍ သူသည် လက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြ ဖြစ်လာလိမ့်မည်။

လက်ရွေးစင်အသင်းနှင့် အတူတွဲရသည်မှာ ဂန္တဝင်အတွေ့အကြုံတစ်ခုပင် မဟုတ်ပါလား။

ချန်ရုံဟွမ်သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ ပျော်ရနေသည်။ သေနတ်ဘုရင်၏ပထမဆုံးအများပြည်သူ betaအား လွန်ခဲ့သော 8 နှစ်ကထွက်ရှိချိန်ကို သူသတိရမိသည်။ သူသည် ဂိမ်းနှင့်ထိတွေ့ပြီး သေနတ်များနှင့် ကျည်ဆန်များတို့၏ သွေးစွန်းသောကမ္ဘာက နက်ရှိုင်းစွာ စွဲဆောင်ခဲ့သည်။ သူသည် ကွင်းတစ်လျှောက်တွင် ရှေးဦးသူနာပြုကိရိယာကို ကိုင်ဆောင်ကာ ဆေးအကူအဖြစ် ကစားရသည်ကို နှစ်သက်သည်။ ပထမရာသီတွင် အပိုင်း2500ကို သူကိုယ်တိုင် ကစားခဲ့သည်။

ရွှေအဆင့်နည်းပြΌπου ζουν οι ιστορίες. Ανακάλυψε τώρα