Part 28

996 142 0
                                    

Chapter 28: စာချုပ်အား အဆုံးသတ်ခြင်း

နေ့လယ်နှစ်နာရီတွင် ပိုင်ဖန်းသည် သူ၏ဆရာအား လက်ရွေးစင်အသင်းဆီသို့ ပြန်ပို့ခဲ့သည်။

သူသည် သူ့ဆရာအား ပြောစရာများစွာ ရှိသေးသော်လည်း သူ့ဆရာမှာ ယခုလက်ရွေးစင်အသင်း၏ဆရာဖြစ်နေသည်။ သူသည် တစ်ဖက်လူအား အချိန်အတော်ကြာ မနှောင့်နှေးနိုင်ပေ။ ထို့ပြင် သူ့ဘက်တွင်လည်း ရှင်းရန်ပြဿနာများစွာ ရှိနေခဲ့သည်။

ဆရာနှင့် တပည့်တို့်မှာ စခန်း၏ဂိတ်ပေါက်ဝသို့ လာခဲ့ကြသည်။ ပိုင်ဖန်းသည် e-sports ပန်းခြံအား ခြံစည်းရိုးမှတစ်ဆင့် ကြည့်ကာ မေးခဲ့သည်။ "ဆရာ၊ လက်ရွေးစင်အသင်းရဲ့စခန်းက အတော်ကြီးပြီး ပတ်ဝန်းကျင်ကလည်းကောင်းတယ်။ အပြင်ကလူတွေ ဝင်ခွင့်မပြုဘူးဆို ဟုတ်လား"

ကျန်းရှောင်ယွီသည် အကြံပေးလိုက်သည်။ "မင်းလည်ချင်ရင် ငါမင်းကိုတစ်ပတ်ခေါ်ပြမယ်"

ပိုင်ဖန်းသည် ပြုံး၍ခေါင်းခါလိုက်သည်။ "မလိုပါဘူး။ ကျွန်တော်နောက်ကျမှ လက်ရွေးစင်အသင်းဝင်အနေနဲ့ ဝင်ဖို့ စောင့်နေပါ့မယ်။ ဆရာကအခုနည်းပြလေ။ ဆရာ့တပည့်ကို ပန်းခြံတစ်ပတ်ပတ်ဖို့ခေါ်ပြီး တခြားကစားသမား‌တွေက မြင်သွားရင် မကောင်းဘူးလေ။ ကျွန်တော်နောက်ကျ လက်‌ရွေးစင်အသင်းကို ဝင်သွားတာနဲ့ သူတို့ကကျွန်တော်တို့ဆက်ဆံရေးကြောင့် ကျွန်တော်လာတယ် ထင်နိုင်တယ်"

ကျ‌န်းရှောင်ယွီသည် ပိုင်ဖန်းအားကြည့်လိုက်သည်။ "ဒါဆို ငါအရင်ဝင်သွားရတော့မလား။ တစ်ခုခုဆို ငါ့ကို WeChat မှာဆက်သွယ်လိုက်"

ပိုင်ဖန်းခေါင်းငြိမ့်လိုက်သည်။ "ဂရုစိုက်ပါ ဆရာ"

သူတို့နှစ်ယောက်မှာ ဂိတ်ပေါက်ဝ၌ နှုတ်ဆက်စကား ပြောခဲ့သည်။

ပိုင်ဖန်းသည် မထွက်ခွာခင် စခန်းထဲသို့ဝင်သွားသည့် သူ့ဆရာနောက်ကျောကို ကြည့်နေခဲ့သည်။

သူသည် ဟိုတယ်သို့ပြန်သွားကာ သူ၏အေးဂျင့်အား အမြန်ဖုန်းခေါ်လိုက်သည်။ "အစ်မဟွီ၊ မြို့ထဲမှာလား"

"ဟုတ်တယ်။ ဘာဖြစ်လို့လဲ"

"ကျွန်တော်နေ့လယ် အစ်မဆီလာမယ်။ စာချုပ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ပြောချင်တယ်"

ရွှေအဆင့်နည်းပြWhere stories live. Discover now