Part 74

622 84 0
                                    

Chapter 74 : လိဂ်၏ခေါ်ဆိုမှု

ကျန်းရှောင်ယွီသည် ရှီရှောင်ဘင်းအား ခေါ်ဆောင်သွားပြီးနောက် နည်းပြချန်သည် ထောင့်တစ်နေရာတွင် ပုန်းခဲ့သည်။ သူ့ဖုန်းအား အမြန်ထုတ်လိုက်ကာ သူငယ်ချင်းတစ်ယောက်ဆီ စာပို့လိုက်သည်။ "Old Cheng၊ လက်ရွေးစင်အသင်းနည်းပြကျန်းက အံ့အားသင့်စရာ စစ်ဆေးမှုတွေ လုပ်နေတယ်။ မင်းရဲ့ကလပ်ကိုသူလာပြီလား"

တစ်ဖက်လူမှာ မြန်မြန်ပြန်ဖြေခဲ့သည်။ "ဟင်။ အခြေအနေ ဘယ်လိုလဲ"

နည်းပြချန်သူ့အား‌ ပြောခဲ့သည်။ "ဒု-ဥက္ကဋ္ဌကျွီက နည်းပြ ကျန်းကို နေ့စဉ်လေ့ကျင့်မှု အခြေအနေစစ်ဆေးဖို့ ခေါ်သွားပြီး အချက်အလက် သတင်းပို့ခြင်းက တားဆီးဖို့ အချက်ပြjammerတစ်ခု ယူလာတယ်။ သူ့ကိုရှုပ်ဖို့မလွယ်ဘူး။ ပြင်ဆင်ထားသင့်တယ်"

Old Chengသည် အမြန်ပြန်မပြောခင် တခဏတာ အံ့အားသင့်သွားခဲ့သည်။ "အချက်အလက်တွေကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို။ သူတို့ကို နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ စီစဉ်လိုက်မယ်"

သုံးနာရီကြာပြီးနောက် ကားသည် လက်‌ရွေးစင်အသင်း၏ အခြေစိုက်စခန်းသို့ ရောက်လာခဲ့သည်။ ည၁၁ နာရီထိုးနေပြီဖြစ်၍ ကျန်းရှောင်ယွီသည် ရှီရှောင်ဘင်းကို check inလုပ်ရန် အိပ်ဆောင်သို့သွားခဲ့သည်။

ရှီရှောင်ဘင်းသည် ယခင်က အခန်း203တွင် နေထိုင်ခဲ့သည်။ ယခင်ကသူနေထိုင်ခဲ့သည့် အခန်းကိုရွေးပြီး ရင်းနှီးစွာ အထုပ်‌ဖြည်လိုက်သည်။

လေ့ကျင့်ရေးပြီးနောက် အိပ်ဆောင်သို့ ပြန်လာသည့် လူတစ်စုမှာ လှုပ်ရှားမှုကိုကြားပြီး စောင့်ကြည့်ရန် ပြေးကြသည်။ Old Changက စပ်စုသည်။ "ဟေ့ နည်းပြကျန်းက ဘာလို့ တခြားလူကို ပြန်ခေါ်လာတာလဲ"

ပိုင်ဖန်းသည် ရှီရှောင်ဘင်းအား တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာပြောသည်။ "ဆရာကြီးက ထောင်ထဲထပ်ရှင်းပြီး လုလာပုံရတယ်"

ဟွားရန်မှာ စိတ်လှုပ်ရှားနေခဲ့သည်။ "လုယက်မှုလား။ ကျွန်တော်လည်း နည်းပြကျန်းရဲ့ လုယက်မှုလား။ တက်သစ်စကြယ်ပွင့်ဖလားအတွက် ဆုလာဘ်လား"

ရွှေအဆင့်နည်းပြWhere stories live. Discover now