Part 36

965 136 1
                                    

Chapter 36: Fred၏ ပွဲဦးထွက်

နှစ်သစ်ကူးအကြိုတွင် ကျန်းရှောင်ယွီနှင့် ပိုင်ဖန်းတို့သည် ပွဲများ သို့မဟုတ် ဂိမ်းကစားခြင်းများကို မကြည့်ခဲ့ပေ။ သူတို့သည် ဒီတိုင်း ဖက်ထုပ်များကိုသာ စားခဲ့သည်။ မနက်စောစောတွင် မီးရှူးမီးပန်းများစွာသည် ပြတင်းပေါက် အပြင်ဘက်၌ ဖောက်နေကာ မရေမတွက်နိုင်သော အရောင်စုံသည့် မီးရှူးမီးပန်းများမှာ ကောင်းကင်အား အလှဆင်ထားခဲ့ကာ နေ့ကဲ့သို့ တောက်ပနေသော ညကောင်းကင်အား အလှဆင်ထားခဲ့သည်။

ကျန်းရှောင်ယွီသည် တစ်ရက်အိပ်စက်ကာ သူ၏ခန္ဓာကိုယ်မှာ နောက်ဆုံးတွင် အားအင်တစ်ချို့ ပြန်လည်ရရှိခဲ့သည်။ သူသည် ထကာ ပြတင်းပေါက်နားရပ်ရန် ကုတင်မှထွက်လာခဲ့သည်။ သူသည်အဝေးမှ မီးရှုးမီးပန်းများကို ကြည့်ပြီး ပွဲတော်၏အသက်ဝင်မှုကို တကယ်ခံစားခဲ့ရသည်။

ပိုင်ဖန်းသည် သူ့ဆီလျှောက်သွားကာ သူနှင့်ပခုံးချင်း ယှဉ်ရပ်ခဲ့သည်။ "ဆရာ၊ ဟက်ပီးနယူးယီးယားပါ"

ကျန်းရှောင်ယွီ ပြန်ဖြေခဲ့သည်။ "မင်းလည်း ဟက်ပီးနယူးယီးယား"

သူတို့နှစ်ယောက်လုံးအချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် တစ်ချိန်တည်း ကသိကအောက်နှင့် အဝေးသို့ကြည့်လိုက်ကြသည်။

အပြင်မှမီးရှူးမီးပန်း အသံများမှာ တိတ်ဆိတ်နေကာ သူတို့၏နှလုံးသားများမှာ ကျယ်လောင်စွာ ခုန်နေခဲ့သည်။

ဤသည်မှာ သူတို့နှစ်ယောက်တည်း အတူရှိခဲ့ကြသော ပထမဆုံးနွေဦးပွဲတော်ဖြစ်ကာ သူတို့တွင် မထင်မှတ်ဘဲ ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်။ သူတို့သည် အချင်းချင်းကြည့်လိုက်သောအခါ ယခင်ကကဲ့သို့ သဘောထားမကြီးကြတော့ပေ။

ထို့နောက် ပိုင်ဖန်း၏ဖုန်းမြည်လာခဲ့သည်။ သူသည်ကောက်ကိုင်ကာ အပြုံးနှင့် ပြောလိုက်သည်။ "အစ်မဟွီ၊ ဟက်ပီးနယူးယီးယား‌‌နော်"

ကျီဟွီ၏အနားတွင် အတော်ဆူညံနေသည်။ သူမသည်ကလေးနား လျှောက်လာသောကြောင့် ကလေးအသံကိုကြားရကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။ "ဟက်ပီးနယူးယီးယား ရှောင်းပိုင်။ အဲ့မှာဘာဖြစ်နေတာလဲ။ ပွဲဦးထွက်ရဲ့ လူထုကြေငြာမှုကို ဘာလို့ forward မလုပ်သေးတာလဲ။ အချိန်ရရင် ပြန်တင်စမ်း"

ရွှေအဆင့်နည်းပြWhere stories live. Discover now