Part 38

1K 136 1
                                    

Chapter 38 : ယှဉ်ပြိုင်ခြင်းကတ်

တက်သစ်စကြယ်ပွင့်ဖလားအတွက် စာရင်းသွင်းချန်နယ်အား ဖွင့်လိုက်ကာ ကစားသမားများစွာမှာ အွန်လိုင်းတွင် စာရင်းသွင်းခဲ့ကြသည်။ စာရင်းသွင်းသူများ၏ တရားဝင်အရေအတွက်မှာ မကြာခင် တစ်သိန်းကျော်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်သူ Fredသည် ယှဉ်ပြိုင်ရန် စာရင်းသွင်းခဲ့သောကြောင့် သူတို့၏ 'စွမ်းရည်များ'ကြောင့် လူသိများသော အခြားတိုက်ရိုက်ထုတ်လွှင့်သူများသည် Weibo ပေါ်တင်ထားသည့် ဤကဲ့သို့မှတ်ချက်များရှိခဲ့သည်။ "တိုက်ရိုက်ထုတ်လွှင့်သူက တက်သစ်စကြယ်ပွင့်ဖလားမှာ မပါဘူးလား"

"ဟုတ်တယ်။ တစ်နိုင်ငံလုံးဖိတ်ကြားထားတဲ့ ပြိုင်ပွဲပဲ။ ဒီတိုက်ရိုက်ထုတ်လွှင့်သူ ကြိုးစားကြည့်သင့်တယ်။ ထိပ်တန်း၁၆ယောက်ဆီ ပါသွားနိုင်တာပဲ"

မေဂျာပလက်ဖောင်းများ၏ နည်းပညာပိုင်း တိုက်ရိုက်ထုတ်လွှင့်သူများမှာ ဇဝေဇဝါဖြစ်ခဲ့ကြသည်။

သူတို့စာရင်းသွင်းသင့်သလား မသွင်းသင့်သလား။

သူတို့စာရင်းမသွင်းပါက အင်တာနက်သုံးစွဲသူများသည် သူတို့တွင်အင်အားမရှိ‌သည့်အတွက် မသွားရဲကြဟု သေချာပေါက်ပြောလိမ့်မည်။

သို့သော် သူတို့စာရင်းသွင်းပြီးသည်နှင့် သူတို့နောက်ဆုံးအဆင့်အထိ မရောက်ခဲ့လျှင် တကယ်ပင်ရှက်စရာကောင်းနေလိမ့်မည်လား။

အများအားဖြင့် အဆင့်နေရာကစားသောအခါ သူတို့‌အလွန်ကြွားဝါခဲ့ကြသည်။ သူတို့ဤကဲ့သို့ ပြိုင်ပွဲကြီးသွားကာ ရှုံးပါက အလွန်ရှက်စရာကောင်းလိမ့်မည်။

ထို့ကြောင့် လူတစ်ချို့မှာ ဆင်ခြေများစပေးကြသည်။ "ကျွန်တော်မသွားဘူး။ ကျွမ်းကျွမ်းကျင်ကျင်ကစားတာကို စိတ်မဝင်စားဘူး"

အခြားတစ်ယောက်ပြောခဲ့သည်။ "ပထမ၊ဒုတိယ တတိယနေရာရရင် လက်ရွေးစင်အသင်းရဲ့ လူငယ်လေ့ကျင့်ရေးစခန်းကို ဝင်ရမယ်။ ကျွန်တော်လူငယ်လေ့ကျင့်ရေးစခန်းကို မသွားချင်ဘူး"

ပြိုင်ပွဲတွင် ဝင်မပါရခြင်းအတွက် ဆင်ခြေများပြုလုပ်ကြသော ဤနည်းလမ်းအား အင်တာနက်သုံးစွဲသူများမှ ရှုံ့ချကြ‌သော်လည်း လူတိုင်းနားလည်နိုင်ခဲ့သည်။ တကယ်တမ်းတွင် ဤတက်သစ်စကြယ်ပွင့်ဖလားတွင် အရေးအကြီးဆုံးအရာမှာ လက်ရွေးစင်အသင်းအတွက် လူငယ်လေ့ကျင့်ရေးသမားများကို ရွေးချယ်ခြင်းဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်သူများစွာမှာ ကျွမ်းကျွမ်းကျင်ကျင်မကစားချင်ဘဲ ဤဘောနပ်စ်မှာ သူတို့အတွက် ဘာမျှမဟုတ်ပေ။ ထို့ကြောင့်သူတို့မပါဝင်ချင်လျှင် မပါ‌ဝင်‌ပေ။ သို့သော်...

ရွှေအဆင့်နည်းပြWhere stories live. Discover now