Part 91

429 63 0
                                    

Chapter 91 : လက်‌ရွေးစင်အသင်း၏ ရွေးချယ်မှု ကြေငြာခြင်း

နောက်ပိုင်းအချိန်ကာလတွင် ကျန်းရှောင်ယွီသည် အပတ်တိုင်း ဘီအဆင့်လိဂ်တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက်ကြည့်ရှုခဲ့သည်။ ထို့နောက် တနင်္လာနေ့မှသောကြာနေ့အထိ လက်‌ရွေးစင်အသင်းရွေးချယ်မှုအတွက် ပြင်ဆင်ရန် အခြေစိုက်စခန်းတွင် တည်းခိုခဲ့သည်။ တရားမျှတမှုရှိရန် လိုအပ်သောကြောင့် ကိုယ်စားလှယ်လောင်းများကို တိုက်ရိုက်ခန့်ထားနိုင်ခြင်း မရှိပေ။ ကစားသမားတိုင်းမှာ သူတို့၏ကိုယ်ပိုင်အင်အားကိုသုံးကာ လက်ရွေးစင်အသင်းထဲသို့ ဝင်ရောက်ရန် လိုအပ်သည်။

ယခင်လက်ရွေးစင်အသင်းများအားလုံးအား ကလပ်များမှအကြံပြုခဲ့ကြပြီး ပြည်တွင်းလိဂ်များမှ အတွင်းပိုင်းဆုံးဖြတ်ခဲ့ကြသည်။ လက်ရွေးစင်အသင်း၏ နည်းပြသည် စစ်မှန်သော စွမ်းအားမရှိခဲ့ဘဲ ပွင့်လင်းစွာ အစမ်းစစ်ဆေးခြင်းမျိုး မရှိခဲ့ပေ။ ဤနှစ်မှာ ပထမဆုံးဖြစ်သောကြောင့် ရွေးချယ်မှုစည်းမျဉ်းများကို သေချာချိန်ဆရပါမည်။

ကျန်းရှောင်ယွီသည် လက်ရွေးစငိအသင်း၏ အလုပ်အဖွဲ့ကိုခေါ်ယူပြီး ဒုဥက္ကဋ္ဌကျွီနှင့် သီးသန့်တွေ့ဆုံကာ ပြောလိုက်သည်။ "ရွေးချယ်ခြင်းပြိုင်ပွဲရဲ့ စည်းမျဉ်း တွေသတ်မှတ်ပြီးနောက် နောက်ပိုင်းမှာ လက်ရွေးစင်အသင်းရွေးချယ်မှုက နှစ်တိုင်းဒီလုပ်ငန်းစဉ်ကို လိုက်နာရမယ်။ ဒါဟာ လက်ရွေးစင်အသင်းမှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတိုင်းကို တရားမျှတတဲ့အခွင့်အရေးဖြစ်စေမှာပဲ။ ကလပ်အသင်းတွေ ဝင်ရောက်စွက်ဖက်ဖို့ နေရာမရှိတော့တာကြောင့် ဆိုးရွားတဲ့ ကစားသမားတွေကို ရွေးချယ်ပြီး လက်ရွေးစင်အသင်းရဲ့ခွဲတမ်းကို မဖြုန်းတီးမိစေရဘူး"

ကျွီဟန်သည် ခေါင်းငြိမ့်ပြီးချီးကျူးလိုက်သည်။ "ဟုတ်တယ် ဒီလိုဖြစ်သင့်တာကြာပြီ။ တိကျတဲ့ရွေးချယ်မှုနည်းလမ်းကို မင်းစဉ်းစားပြီးပြီလား"

ကျန်းရှောင်ယွီ ပြန်ဖြေလိုက်သည်။ "ပြီးပြီ။ ဒီနှစ်အတွက် တရားသူကြီးတွေကို ဒုဥက္ကဌကျွီ၊ Old Cuiနဲ့ Old Chang တို့အပါအဝင် လူလေးဦးနဲ့ ဖွဲ့စည်းမှာဖြစ်တယ်။ နည်းဗျူဟာပိုင်းဆိုင်ရာ အကြံပေးသုံးဦးဖြစ်တဲ့ SNအဖွဲ့နည်းပြကျု၊ JZအဖွဲ့နည်းပြဂုနဲ့ BMအဖွဲ့နည်းပြ Xuရှုတို့လည်း ရှိလိမ့်မယ်"

ရွှေအဆင့်နည်းပြWhere stories live. Discover now