Part 40

879 121 0
                                    

Chapter 40: နတ်ဘုရားအဆင့် လုပ်ဆောင်မှုများ

မကြာမီ ဂိမ်းစတင်ခဲ့သည်။

မြေပုံအား ပြသပြီး ကစားသမားနှစ်ယောက်မှာ အပေါ်ဘယ်ဘက်ထောင့်နှင့် အောက်ညာဘက်ထောင့် အသီးသီးတို့၏ ထောင့်ဖြတ်တည်နေရာများတွင် ပေါ်လာခဲ့ကြသည်။

ဤသည်မှာ ရိုးရှင်းသော တိုက်ခိုက်ရေးစိတ်ကူးကြောင့်ဖြစ်သည်။ ဤမြေပုံအမျိုးအစားမှာ ကစားသမားများ၏ တုံပြန်နှုန်းနှင့် စွမ်းဆောင်မှုစွမ်းရည်များကို စမ်းသပ်နေခဲ့သည်။

စင်္ကြံထဲမှ အလင်းရောင်သည် မှေးမှိန်နေကာ ရန်သူ၏တည်နေရာအား ‌ဆုံးဖြတ်ရန် ခြေသံများအား နားထောင်ရန် လိုအပ်သည်။ ဂိမ်းအစတွင် အစ်ကိုဟိုင်သည် AK-47အား ချက်ချင်းပြောင်းကာ တည်ငြိမ်စွာ နာရီလက်တံအတိုင်း ရှေ့သို့ချီတက်ခဲ့သည်။ ထိုစဉ် Fred သည် ပို၍ပေါ့ပါးသော မျက်ရည်ယိုဗုံးကိုကိုင်ကာ နာရီလက်တံအတိုင်း ရှေ့သို့လည်း ချီတက်ခဲ့သည်။

လူနှစ်ယောက်မှာ ဦးတည်ချက်တူတူ ရွေ့လျားကာ ကစားကွင်းပေါ် တူညီသောဦးတည်ချက်တွင် စက်ဝိုင်းပုံပြေးနေသကဲ့သို့ဖြစ်သည်။ သူတို့သည် တစ်ခဏအတွင်း တွေ့လိမ့်မည်မဟုတ်ပေ။

အစ်ကိုဟိုင်သည် အလွန်သတိကြီးစွာ ကစားခဲ့ကာ မကြာမီတွင် အပေါ်ညာဘက်ထောင့်ရှိ ထောင့်တစ်နေရာသို့ ရောက်လာခဲ့သည်။ ဤမြေပုံအမျိုးအစားအတွက် သူသည် ထောင့်နေရာအား ဖြတ်ရာတွင် အလွန်ဂရုစိုက်ရမည်။ သူ့အား ရန်သူ၏ ခေါင်းသို့ပစ်ချက်ဖြင့် ချုံခိုတိုက်ခိုက်ခံရနိုင်သည်။ သူသည် ‌သေနတ်ကိုကိုင်ကာ တဖြည်းဖြည်းရွှေ့ရင်း သူ့နားဘာဖြစ်နေသည်ကို ဂရုတစိုက်နားထောင်နေခဲ့သည်။

ဘယ်သူမှ မရှိဘူးလား။

အချိန်အရ Fredသည်လည်း ဤစင်္ကြံသို့ ‌ပြေးလာခဲ့လျှင် အနီးအနားသို့ရောက်နေသင့်သည်။

Circular Corridorမှာ အလုံပိတ်နေရာဖြစ်ကာ ခြေသံများမှာ အလွန်ထင်ရှားသည်။ သူသည် မည်သည့်ခြေသံမျှမကြားသောကြောင့် Fredသည် ဤဘက်အခြမ်းတွင် ရှိမနေခဲ့ပေ။ သူသည် ဘယ်ဘက်စင်္ကြံ ဆီသို့ နာရီလက်တံအတိုင်း အဖြစ်နိုင်ဆုံးသွားသည့်ပုံပေါ်သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now