Part 22

1K 159 0
                                    

Unicode

Chapter 22: ခင်ဗျား ဘယ်သူလဲ

အပြိုင်ရှာဖွေမှု နည်းပညာဆီသို့ သော့ချက်မှာ ကစားသမားနှစ်ယောက်၏ တည်ငြိမ်သည့်အရှိန်အဟုန်ဖြစ်သည်။ 

လူနှစ်ယောက်သည် ကောင်းစွာလှုပ်ရှားရမည်။ပူးပေါင်းမှုမှာ မမှန်ပါက အခြားတစ်ဖက်မှ ဖြိုခွဲခြင်းခံရရန် လွယ်ကူသည်။ 

သေနတ်ပစ်သမားမှာ သူတို့၏မီးစွမ်းအားမှာ သူတို့ကင်းထောက်အသင်းဖော်အား အမြဲကာပေးကာ ကင်းထောက်အား အသတ်ခံရခြင်းမှ ကာကွယ်ပေးနိုင်ရန် သေချာရမည်။ တစ်ချိန်တည်းတွင် ကင်းထောက်သည် ဆန့်ကျင်ဘက်ကစားသမား၏ တည်နေရာအား ရှာတွေ့သည့်အခိုက်အတန့်၌ သေနတ်ပစ်သမားမှာ ချက်ချင်းပစ်သတ်ရမည်။ သူတို့သည် တစ်စက္ကန့်ပင် နောက်ကျခဲ့လျှင် သူတို့၏အသင်းဖော်မှာ ရန်သူမှတန်ပြန်တိုက်ခိုက်ခြင်းခံရနိုင်သည်။ 

ကျန်းရှောင်ယွီသည် ဘေးဘက်မှ အဆောက်အဦးအရှုပ်‌အထွေးထဲသို့ တိုးဝင်ခဲ့သည်။ ပိုင်ဖန်းသည် မြေပုံပေါ်မှ အစက်သေးသေးလေးကို တွေ့ကာ ချက်ချင်းနောက်မှလိုက်ခဲ့သည်။ 

ဆရာနှင့် တပည့်တို့သည် အချင်းချင်း ပူးပေါင်းအကွာအဝေးထားကာ မျဉ်းပြိုင်နှစ်ကြောင်းကဲ့သို့ အရှေ့တောင်ဘက်သို့ အမြန်ရွှေ့သွားသည်။ 

ထို့နောက် ကျန်းရှောင်ယွီသည် ရုတ်ချည်းရပ်လိုက်ကာ ပိုင်ဖန်းသည်လည်း ချက်ချင်းရပ်လိုက်သည်။ တစ်ခဏတွင် အဖြူရောင်မီးခိုးတိမ်တိုက်မှာ သူ၏ရှေ့တွင် တက်လာခဲ့သည်။ ဆန့်ကျင်ဘက်ကင်းထောက်မှာ လှည့်ပတ်သွားရန် အကာအကွယ်အဖြစ် မီးခိုးဗုံးကိုအသုံးပြုခဲ့သည်။ ပိုင်ဖန်းသည်လည်း အလိုလိုပစ်ကာ သူဌေးကို ကာကွယ်ချင်ခဲ့သည်...

သို့သော် ‌သူထွက်လာသည့်အခိုက်အတန့် အနောက်ဘေးဘက်မှ ကျည်ဆံတစ်ထောင့်မှာ ရုတ်တရက် ထွက်လာခဲ့သည်။ 

[’Robert444’ သည် FR-Scarlet အား ‘Sniper002’ ကိုခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

ပိုင်ဖန်း, “……”

တစ်ဖက်အသင်းမှ အရှေ့ဘက်သို့ အသံလုပ်ကာ အနောက်ဘက်မှ ပစ်ခတ်ခဲ့သည်။ သူတို့သည် သူဌေးဆီသွားမည့်ပုံပေါ်သော်လည်း ပန်းတိုင်အစစ်မှာ သူ့အားဖယ်ရှားရန်ဖြစ်သည်။ 

ရွှေအဆင့်နည်းပြWhere stories live. Discover now