Part 30

1K 154 1
                                    

Chapter 30: ‌နွေဦးပွဲတော်

လက်ရွေးစင်အသင်း၏ တရားဝင် Weibo အား နာရီဝက်ကျော်ကြာသာ တင်ရသေးကာ ပရိသတ်များမှ ၎င်းအား ထိပ်တန်းရှာဖွေမှုသို့ ပို့ခဲ့သည်။

ပိုင်ဖန်း၏ပရိသတ်များစွာရှိနေသောကြောင့် သူ၏ဆရာအားမိတ်ဆက်ရန် တန်းစီနေကြသည့် မှတ်ချက်များ ထောင်ပေါင်းများစွာရှိနေခဲ့သည်။

ပိုင်ဖန်းသည် အောက်ခြေမှစကာ သူ၏လက်ရှိနေရာအား အင်အားကိုအသုံးပြုပြီး လှမ်းတက်လာခဲ့သည်။ 'ဂိမ်းထဲမှ အားအသန်ဆုံး ထုတ်လွှင့်သူ' ဟူသည့်နာမည်မှာ ကျယ်ပြန့်စွာပျံ့နှံ့နေခဲ့သည်။ ထို့ပြင်သူသည်ချော၍ ရယ်ရသည်။ သူ၏ရာသက်ပန်ပရိသတ်များမှာ အင်တာနက်တစ်ခွင်ရှိနေသည်။

ပိုင်ဖန်းအောင်မြင်ပြီးနောက် သူသည် အင်တာဗျူးများတွင် 'တကယ်တော့ ကျွန်တော့်ရဲ့စွမ်းရည်တွေကို ဆရာ Wing ကသင်ပေးခဲ့တာပါ။ ကျွန်တော် အလေးစားဆုံးလူဟာ ကျွန်တော့်ဆရာပါ'ဟု အကြိမ်ပေါင်းများစွာ အင်တာဗျူးများတွင် တရားဝင်ကြေငြာခဲ့သည်။ သူ၏အင်တာနက်ပေါ်မှ ကိုယ်ရေးအကျဉ်းတွင် ' ACE-Wing ၏တစ်ဦးတည်းသောတပည့်' ဟူ၍ပင် ရှိနေခဲ့သည်။ ထို့ကြောင့် သူ၏ပရိသတ်များတွင် 'Wing'နာမည်နှင့် ပတ်သက်သော သူတို့ကိုယ်ပိုင်အမြင်များ ရှိနေခဲ့သည်။

Fredသည် အလွန်အားကြီးသည်။ သူ့ဆရာသည် ပို၍ပင်အားကြီးမည် မဟုတ်ပါလား။ ACE ၏အတိတ်ကို မသိကြသော ပရိသတ်အသစ်တစ်ချို့မှာ ကျန်းရှောင်ယွီ၏နာမည်အား ရှာရန် အင်တာနက်ဆီသွားကာ Wing ၏ပုံစံကြောင့် လျင်မြန်စွာ အထင်ကြီးသွားခဲ့သည်။

အောက်ခြေအသင်းအား အေအဆင့်လိဂ် ချန်ပီယံရှစ်ကို အနိုင်ရရန် တစ်လမ်းလုံး ဦးဆောင်လာသည်။ ‌ဤဒဏ္ဍာရီလာ အတွေ့အကြုံမှာ ဆရာတစ်ဆူဖြစ်ထိုက်သည်။

သူသည် နည်းပြဖြစ်ခဲ့လျှင် လက်ရွေးစင်အသင်းအား ကယ်တင်နိုင်မည်လား။

အချိန်တစ်ခုကြာ ကျန်းရှောင်ယွီ၏ Weibo အောက် သူပြန်လာခြင်းကို ကြိုဆိုနေကြသော မရေမတွက်နိုင်သည့် ပရိသတ်များ စာများချိန်ထားခဲ့သည်။

လူတစ်ချို့မှာ ပြေးလာ၍ ကဲ့ရဲ့ကြသည်။ "ဘာလို့ သူကငါးနှစ် အနားယူပြီးနောက် ပြန်လာခဲ့တာလဲ။ သူကပိုက်ဆံအလွဲသုံးစားလုပ်ဖို့ လက်ရွေးစင်အသင်းကို လာခဲ့တာလား"

ရွှေအဆင့်နည်းပြWhere stories live. Discover now