Part 19

1K 154 0
                                    

Unicode
Chapter 19: တိုက်ရိုက်ထုတ်လွှင့်သူ ပိုင်ဖန်း

ပိုင်ဖန်းသည် ကျန်းရှောင်ယွီမှ ကိုယ်တိုင်သင်ကြားခဲ့သည့် တပည့်တစ်ယောက်ဖြစ်သည်။ သူသည် ပိုင်ဖန်း၏အားသန်မှုကို အလိုအလျောက် အလွန်သတိထားမိနေခဲ့သည်။ ပိုင်ဖန်းသည် ပညာရှင်ဆန်ဆန် ဆက်ကစားပါက သူသည်ကမ္ဘာ့အဆင့် သေနတ်ပစ်သမား သေချာပေါက်ဖြစ်နေလိမ့်မည်။ 

ပိုင်ဖန်းသည် ငယ်လွန်းကာ သူ၏အသက်မွေးဝမ်းကြောင်းထက် ခံစားချက်များနှင့် သစ္စာရှိမှုကို ပို၍အရေးကြီးသည်ဟု သတ်မှတ်ခဲ့သောကြောင့်ဖြစ်သည်။ သူသည် ACE အသင်းနှင့်တိုက်ခိုက်ရန် အခြားအသင်းသို့ မသွားချင်ဘဲ သူ၏အသင်းဖော်ဟောင်းများကို တိုက်ပွဲတွင်မသတ်ချင်ခဲ့ပေ။ သူ၏စိတ်ထဲ၌ ACE အဖွဲ့မှာ သူ့ဆရာ၏ခက်ခဲသည့် ကြိုးစားမှုတစ်ခုဖြစ်ကာ သူ၏အိမ်လည်းဖြစ်နေခဲ့သည်။ ထို့ကြောင့် ခေါင်းမာသည့် ဆယ်ကျော်သက်များမှာ သူ၏အလုပ်အကိုင်ကိုပြောင်းလိုက်ကာ တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်လာခဲ့သည်။ 

ဂိမ်းကောင်းမွန်စွာ ကစားတတ်သည့်သူများအတွက် ကျွမ်းကျင်သော တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ဖြစ်ခြင်းမှာ e-sports ကျွမ်းကျင်ကစားသမားဖြစ်ခြင်း၏ ကောင်းမွန်သော ပြောင်းလဲမှုတစ်ခုဖြစ်နေခဲ့သည်။ 

လောင်လင်းသည် နောင်တများနှင့်ပြောခဲ့သည်။ “တကယ်တမ်းတော့ ငါတို့လည်း ပိုင်ဖန်းအ‌ပေါ် အရမ်းအားနာနေခဲ့တယ်။ သူကအဲ့တုန်းက အရမ်းငယ်ပြီး လူတစ်စုကိုလည်း စိတ်ဆိုးစေခဲ့တယ်။ သူကျင်းကွန်ရက်နဲ့ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်က အရမ်းပြင်းပြီး သူရရှိခဲ့တဲ့ ရှယ်ယာကလည်း နည်းတယ်။ အဲ့လိုဆိုရင်တောင် သူကအံကြိတ်ပြီး အသက်ရှင်ခဲ့တယ်။ သူကနေ့ရောညရော တိုက်ရိုက်ထုတ်လွှင့်ပြီး တစ်နှစ်အတွင်းမှာပဲ ကွန်ရက်တစ်ခုလုံးပေါ်မှာ နာမည်အကြီးဆု တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက် ဖြစ်လာခဲ့တယ်လေ။ သူကပလက်ဖောင်းနဲ့စာချုပ်အသစ်ချုပ်ပြီး သူ့ရဲ့ဆက်ဆံရေးက ပိုကောင်းလာခဲ့တယ်” 

ကျိုးယီရန်မှာ ထပ်ပြောခဲ့သည်။ “သူကနှစ်စဉ်တိုက်ရိုက်ထုတ်လွှင့်သူပွဲတော်မှာ နံပါတ်တစ်ဆုကိုရခဲ့ပြီး သူ့ရဲ့စွမ်းရည်တွေ အားလုံးက နတ်ဘုရား Wing ဆိုတဲ့မင်းဆီက သင်ခဲ့ရတာလို့ လူသိရှင်ကြားပြောခဲ့တယ်။ သူကမင်းကိုအရမ်းချီးကျူးပြီး သူအလေးစားရဆုံး ကစားသမားပါလို့ ပြောခဲ့တယ်” 

ရွှေအဆင့်နည်းပြDonde viven las historias. Descúbrelo ahora