Part 93

410 56 0
                                    

Chapter 93 :ပူးပေါင်းမှုအာရုံ

ပထမပွဲ၏ ကစားသမားဆယ်ယောက်မှာ အခန်းထဲသို့ ၀င်လာခဲ့သည်။ အနီရောင်သည် နံပါတ် 10၊16၊18၊128နှင့်133ဖြစ်ပြီး အပြာရောင်မှာ နံပါတ် 1၊ 34၊ 144၊ 198 နှင့် 106ဖြစ်သည်။

လူတိုင်းတွင် တူညီသော ပရိုဖိုင်ပုံရှိကြပြီး နံပါတ်အားကြည့်ရုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း မပြောနိုင်ပေ။

ထိုအချိန်၌ ဟိုတယ်အခန်း။

နံပါတ် 1ရရှိပြီး ပထမပွဲသို့ ကျပန်းယှဉ်ပြိုင်ခဲ့သည့် ပိုင်ဖန်းကစောဒကတက်နေခဲ့သည်။ "ငါက နံပါတ်1ဖြစ်ပြီး ပထမပွဲအတွက် ရွေးချယ်ခံခဲ့ရတယ်။ ဒီရွေးချယ်ရေးပြိုင်ပွဲမှာ ပထမနေရာမရခဲ့ရင်တော့ စနစ်ရဲ့ချစ်ခြင်းမေတ္တာအတွက် စိတ်မကောင်းဖြစ်ရတယ်"

ဘေးခန်းတွင် နံပါတ်10ရှီရှောင်ဘင်းမှာ မောက်စ်ကို ဆုပ်ကိုင်လိုက်ပြီး အနည်းငယ် တုန်လှုပ်သွားသည်။ "ငါပထမဆုံးဂိမ်းကစားရတာလား။ ငါ့အသင်းဖော်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာတောင်မသိဘူး"

နံပါတ် 16 လုကျင်းယွမ်သည် မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ "ပထမပွဲစဉ်မှာ ဒိုင်လူကြီးတွေက ပိုရှေးရိုးဆန်ပြီး အမှတ်တွေပေးမှာ သေချာတယ်... အဲဒါကိုထားပါ။ နောက်မှ ခေါင်းအနည်းငယ်စုဆောင်းပြီး ရလဒ်ပိုကောင်းလာမှာပါ"

အမှတ် 144ကင်းထောက် ရှီဝမ်ဟွီသည် အသက်ပြင်းပြင်းရှူပြီး လက်ချောင်းများကို ပွတ်လိုက်သည်။ ပြိုင်ပွဲ၏ရလဒ်မှာ မည်ကဲ့သို့ပင်ဖြစ်နေပါစေ သူသည်စမ်းသပ်မှုများတွင် ပါဝင်နိုင်သည်မှာ အလွန်ကောင်းသည်။ ဤတစ်ခါ ကောင်းကောင်းကစားမည်။

ပွဲချိန်အတွင်း ဒိုင်လူကြီးက အချက်ပြသည်။ [ကစားသမားအားလုံး၊ ကျေးဇူးပြု၍ စက်ကိရိယာကို ချိန်ညှိပါ၊ အသံပြောင်းစက်ကိုဖွင့်ပြီး အဆင်သင့်ဖြစ်ပြီဟု နှိပ်ပါ။ အချိန်ကစက္ကန့် 30 ပါပဲ"

အစည်းအဝေးခန်းထဲတွင် ကျန်းရှောင်ယွီသည် လူတိုင်းအား လှည့်မကြည့်ခင် ရေတစ်ငုံသောက်လိုက်သည်။ "အမှတ်ပေးစံနှုန်းတွေကို ပေါင်းရ‌အောင်။ ကစားသမားတစ်ဦးက ထူးချွန်တယ်လို့ထင်ရင် သူတို့ကို ရမှတ် 80 ဒါမှမဟုတ် အဲ့ထက်ပို၍ဖြည့်ပါ။ ပျမ်းမျှဆို အမှတ် 60-80 ပေးပါ။ မအောင်မြင်ရင် အမှတ်60အောက်မှာ ရှိနေမှာပဲ။ ဘယ်လိုထင်ကြလဲ"

ရွှေအဆင့်နည်းပြWhere stories live. Discover now