Part 51

703 101 0
                                    

Chapter 51 : ချန်ပီယံ

တက်သစ်စကြယ်ပွင့်များဖလား၏ နောက်ဆုံးအချီတွင် 7ပွဲပြိုင်ရသည့် ပုံစံရှိသည်။ ပိုင်ဖန်းသည် 3:0ဖြင့်ဦးဆောင်ကာ ပထမဆုံးအနိုင်ရ‌တော့မည့်အမှတ်ကို ရယူနိုင်ခဲ့သည်။

ကွေ့စေရန်သည် ပိုင်ဖန်းအား ဖြစ်နိုင်ချေမရှိသော လေးပွဲဆက်တိုက် အနိုင်ရခြင်းဖြင့်သာ အနိုင်ရနိုင်သည်။

BMအဖွဲ့၏ လေ့ကျင့်ရေးခန်းတွင် ကစားသမားတစ်စုက ဂိမ်းကိုကြည့်ရန် ကွန်ပျူတာရှေ့တွင် စုရုံးကာ သနားကြင်နာစွာ ပြောခဲ့သည်။ "Little Demonက 0:3နဲ့အနောက်မှာရှိပြီး သုံးပွဲဆက်တိုက် ခေါင်းကိုပစ်သတ်ခံရတယ်။ သနားစရာကောင်းလွန်းတယ်။ Fredက အရမ်းရက်စက်တယ်မဟုတ်ဘူးလား"

"‌ကွေ့စေရန်အတွက် Fredကို4 ပွဲ အနိုင်ရဖို့ဆိုတာ သေချာပေါက်မဖြစ်နိုင်ဘူး။ ဒီတက်သစ်စကြယ်ပွင့်ဖလားရဲ့ ချန်ပီယံက Fredဖြစ်မယ့်ပုံပဲ"

"မထင်ထားဘူး။ Fredဟာ e-sports အသိုင်းအဝိုင်းထဲက ငါးနှစ်ကျော်ကြာ ထွက်သွားပြီး တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အရမ်းအား‌သန်နေဆဲပဲ"

"ငါတို့ရဲ့ ခေါင်းဆောင်လျိုဆိုရင် Fredကို အနိုင်ရနိုင်တယ် မဟုတ်လား"

ဤအရာအား လူတိုင်းဆွေးနွေးကြသည်။ လျိုရှောင်ကျိုးသည် ရေသောက်ရန် ဘေးနားရှိ မီးဖိုသို့ သွားကာ ယပြန်လာခဲ့သည်။ သူတို့စကားများအားကြားကာ အပြုံးနှင့်ခေါင်းခါပြသည်။ " ငါသာတက်ခဲ့ရင် Fredကို သေချာပေါက်နိုင်မှာ မဟုတ်ဘူး"

လူသစ်များသည် မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်နေကြသည်။ "ခေါင်းဆောင်လျို အရမ်းနှိမ့်ချလွန်းနေတယ် မဟုတ်လား"

"ဟုတ်တယ်။ အစ်ကိုက ကျွမ်းကျင်ကစားသမားတစ်ယောက်ပဲ။ အစ်ကိုက နှစ်ပေါင်းများစွာကြာအောင် ကစားခဲ့တာ..."

လျိုရှောင်ကျိုး သူတို့အားပြောခဲ့သည်။ "မင်းတို့နားမလည်ဘူး။ Fredက တိုက်ရိုက်ထုတ်လွှင့်သူလို့အမည်ခံထားပေမယ့် တကယ်တမ်းတော့ သူက အမြဲတမ်းပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်နေခဲ့တာ"

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပြိုင်ပွဲဝင်နှစ်ဦး၏မျက်နှာကို ကင်မရာက ပြသခဲ့သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now