Part 14

1.1K 160 1
                                    

Unicode

Chapter 14: ကမ္ဘာ့အဆင့်မီ သေနတ်ပစ်သမား

ကျန်းရှောင်ယွီသည် ဂိမ်းထဲမှ the MSG-Aurora ဟူသည့် သူ၏အဓိကလက်နက်ကို ရွေးလိုက်သည်။ 

ဤသည်မှာ သူအကျွမ်းကျင်ဆုံးဖြစ်သော ပေါ့ပါးသည့် စနိုက်ပါရိုင်ဖယ်‌သေနတ်ဖြစ်ကာ Aurora အဆင့်မြင့်ပုံစံမှာ သူS3ရာသီတွင် အထူးချွန်ဆုံးပုဂ္ဂိုလ်ဆု ရရှိပြီးနောက် သူ့အတွက် အထူးထုတ်လုပ်ပေးထားခြင်းဖြစ်သည်။ 

မနေ့က ကျန်းရှောင်ယွီသည် ဘူးသီးလေးများအဖွဲ့အား သူ၏ Casually အကောင့်နှင့် အနိုင်ကျင့်ခဲ့သောအခါ သူသည်အားဖြည့်သူနှစ်ယောက်အားသတ်ရန် စက်သေနတ်၊ ချေမှုန်းသူအားသတ်ရန် ပစ္စတိုသေနတ်နှင့် ကင်းထောက်အား ဓားမြှောင်ဖြင့် အသေထိုးသတ်ခဲ့သည်။ ဤသည်မှာ ‘မည်သည့်တိုက်ပွဲမဆို အလွယ်တကူ အနိုင်ရနေခြင်း’ ဟူသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ 

ယခု နတ်ဘုရား Wing သည် သူအကျွမ်းကျင်ဆုံးဖြစ်သည့် စနိုက်ပါရိုင်ဖယ်သေနတ်အား ယူဆောင်လာခဲ့သည်။ 

သူသည် သူတို့အား ကမ္ဘာ့အဆင့်မီ သေနတ်ပစ်သမားမှ လွှမ်းမိုးခံရသည့် ကြောက်ရွံ့မှုအား မြည်းစမ်းစေချင်သည်လား။ 

ဆယ်ကျော်သက်များသည် အကြည့်ချင်းဖလှယ်ကြကာ သူတို့၏အမူအရာများမှာ ပို၍ပင်ရုပ်ဆိုးလာခဲ့သည်။ 

ယယ်ကျင်းမင်တွင် MSG စနိုက်ပါရိုင်ဖယ်သေနတ်အပေါ်  စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးတစ်ခု ရှိနေခဲ့သည်။ သူသည် ACE အသင်း၌ရှိနေချိန်အတွင်း ကျန်းရှောင်ယွီသည် မြေပုံများလဲကာ သူ့အားအနိုင်ကျင့်ရန် လေ့ကျင့်ရေးကွင်းထဲသို့ ဤပေါ့ပါးသည့် စနိုက်ပါရိုင်ဖယ်သေနတ်အား  နေ့တိုင်းယူသွားလိမ့်မည်။ ဤသည်မှာ သူ့အားလျင်မြန်စွာ တိုးတက်စေရန်ဖြစ်သည်။ ယယ်ကျင်းမင်၏ နောက်ပိိုင်းအလွန်ပြင်းထန်သည့် နေရာယူခြင်းမှာ ကျန်းရှောင်ယွီမှ အနိုင်ကျင့်ခံရခြင်းကြောင့်ဖြစ်သည်။

ယယ်ကျင်းမင်သည် သူ၏စိတ်ထဲမှ အတိတ်ဆိုးကို ‌ဖယ်ထုတ်ပစ်ကာ သူ၏လက်များအား ကီးဘုတ်ပေါ်တွင်တင်ခဲ့သည်။ သူသည်သူ၏အကောင့်အား စာရိုက်ကာ သူ၏အကောင့်ဖြစ်သော ‘Leaf Ye Zi‘ ထဲသို့ဝင်ခဲ့သည်။ သူသည် Casually အားသူငယ်ချင်းအဖြစ် ပေါင်းထည့်လိုက်ပြီး ပစ်ခြင်းလေ့ကျင့်ရေးကွင်းအား နှိပ်လိုက်ကာ ပြင်ဆင်သည့်ခလုတ်အား အမြန်နှိပ်လိုက်သည်။ 

ရွှေအဆင့်နည်းပြWhere stories live. Discover now