Part 63

708 97 0
                                    

Chapter 63 : ရာသီအသစ်၏အစ

ကျန်းရှောင်ယွီနှင့် သူ့အဖွဲ့မှာ YY ကလပ်သို့ စစ်ဆေးပြီး ဟိုတယ်ကိုအတူတူ ပြန်လာခဲ့ကြသည်။ ကျင်းဘိုသည် ကူးယူထားသော အချက်အလက်များကို ကျန်းရှောင်ယွီကြည့်ရန် လွှဲပေးလိုက်သည်။

YYအဖွဲ့၏ ဒေတာသည် TNGအဖွဲ့ထက် များစွာ ကောင်းမွန်သည်။ လေ့ကျင့်သောအခါ လူတိုင်းအလွန်‌လေးနက်ကြသည်။

ယယ်ကျင်းမင်သည် အိပ်ရသည်ကို နှစ်သက်သော်လည်း လေ့ကျင့်မှုကိုလုံးဝမစွန့်လွှတ်ခဲ့‌ပေ။ ‌လေ့ကျင့်ချိန်စာရွက်ကိုကြည့်ပြီး သူ့သင်တန်းအချိန်မှာ တခြားသူများနှင့်မတူပါ။ နေ့ခင်းဘက်တွင်အိပ်ပြီး မနက်၃နာရီအထိ လေ့ကျင့်သည်။ သူသည် သာမာန်ညဇီးကွက်ဖြစ်သည်။

YY ကလပ်သည် ကစားသမားများအား 'လွတ်လပ်၍ လွယ်ကူသော' နည်းလမ်းဖြင့် စီမံခန့်ခွဲခဲ့သည်။ သူတို့ဆံပင်အား ဘာအရောင်ဆိုးလဲ သို့မဟုတ် လေ့ကျင့်ချိန်အတိအကျနှင့် မဆိုင်ပါ။ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်သည်။ အသင်းလေ့ကျင့်ရေးနှင့် တရားဝင်ပွဲများအတွင်း ပေါ့ဆ၍မရပေ။

ကျောင်း၌ကိုယ်တိုင်လေ့လာနေသည့် ဆရာက ကျောင်းသားများကို ဂရုမစိုက်သလိုပင်ဖြစ်သည်။ အိပ်နေသည်ဖြစ်‌စေ၊ မေးခွန်းများဖြေသည်ဖြစ်စေ ဝတ္ထုဖတ်သည်ဖြစ်စေ သူတို့ကိုယ်တိုင် စီစဉ်ပေးနိုင်သည်။ စာမေးပွဲများ ကောင်းကောင်းအောင်နေသရွေ့ ကျောင်းသားကောင်းများ ဖြစ်ကြသည်။ ထိုသို့သော လွတ်လပ်သည့်စီမံခန့်ခွဲမှုပုံစံအောက်တွင် YY ၏ကစားသမားများသည် ခွန်အားအပြည့်ရှိပြီး အချင်းချင်း ကောင်းမွန်စွာဆက်ဆံကြသည်။ သူတို့အတွက် ဂိမ်းကစားခြင်းသည် ဖိအားတစ်မျိုးမဟုတ်တော့ဘဲ ပျော်စရာဖြစ်လာသည်။

ကျွီဟန်ပြောလိုက်သည်။ "အဓိကကလပ်တွေမှာ မတူညီတဲ့ စီမံခန့်ခွဲမှုပုံစံတွေရှိတယ်။ YYရဲ့ လွတ်လပ်တဲ့ပုံစံက ကစားသမားတွေအတွက် အမှန်တကယ် ရေပန်းစားသည်။ နှစ်စဉ်နှစ်တိုင်း လူငယ်လေ့ကျင့်ရေးစခန်းက ကစားသမားတွေက သူတို့ရဲ့ကလပ်မှာ စာရင်းသွင်းတဲ့ အရေအတွက် အရမ်းများတယ်။ သူတို့ထဲက တော်တော်များများက ဒီကို‌ပျော်လို့လာကြတာပဲ"

ရွှေအဆင့်နည်းပြWhere stories live. Discover now