Part 56

735 110 0
                                    

Chapter 56: လျစ်လျူရှုခံရသော ဆေးအကူ

လုကျင်းယွမ်ဦးဆောင်သော ပထမအသင်းသည် မူလက2:0ဖြင့် ရှေ့ရောက်နေခဲ့သော်လည်း အနိုင်ရနိုင်သည့်အမှတ်ဆုံးရှုံးခဲ့သည်။ ရမှတ်မှာ 2:1 ဖြစ်လာခဲ့သည်။

ဤသည်မှာ ဆေးဆရာ ပြဿနာတစ်ခုဟု သူထင်ခဲ့သည်။ ရှုချန်သည် သူ့အားခုနကကိစ္စထဲတွင် ကယ်ခဲ့မည်ဆိုပါက ရလဒ်ကမတူလောက်ပါ။ ရှုချန်သည် အသက်ကြီးကာ တုံ့ပြန်မှုက နှေးကွေးသည်။ သူသည် ဒုတိယအဖွဲ့အတွက် အစားထိုးဖြစ်ကာ လုကျင်းယွမ်၏စည်းချက်အတိုင်း လိုက်မမှီနိုင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။

လုကျင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ "ဆေးအကူ၊ ငါ့နောက်ကို အနီးကပ်လိုက်ပြီးတော့ အဝေးကြီးကိုမသွားနဲ့။ အရင်ကအတိုင်းပဲ ကစားမယ်။ ရှေ့ဆုံးတန်းမှာရှိတဲ့သူတွေကို အရင်သတ်ပစ်ဖို့ ဘယ်ညာအပြေးအလွှား သွားရမယ်"

ဟန်တင်းပြောခဲ့သည်။ "နားလည်ပါတယ်"

ရှုချန်ကသိရှိကြောင်း ညွှန်ပြရန်အတွက် 1 ကိုရိုက်ထည့်လိုက်သည်။

ရှုချန်သည် လုကျင်းယွမ်နောက် အလွန်နီးကပ်စွာ လိုက်ခဲ့သည်မှလွဲ၍ စတုတ္ထဂိမ်းသည် သူတို့ကစားခဲ့ပုံနှင့် အတူတူပင်ဖြစ်သည်။

လုကျင်းယွမ်သည် ဘယ်ဘက်သို့လှည့်သွား၍ တစ်ဖက်အသင်းကင်းထောက် Sing နှင့် မျက်နှာချင်းဆိုင် တိုက်မိသည်။ ဤအချိန်၌ သေနတ်ပြောင်းရန် နောက်ကျသွားခဲ့ပြီ။ သူသည် မီးခိုးဗုံးတစ်လုံးကို ချက်ချင်းပစ်ချကာ ဘေးကင်းသောနေရာသို့ ရောက်ရန် ကွန်တိန်နာအများအပြားကို ဆက်တိုက်ဖြတ်ပြေးသွားခဲ့သည်။ မီးခိုးများ ကင်းစင်သွားသည့်အခိုက် သူသည် စက်သေနတ်ပြောင်းနှင့် ဆန့်ကျင်ဘက်ကင်းထောက်ကို သတ်ပစ်တော့မည့်အချိန် သေနတ်ပစ်သမား၏ကျည်ဆန်သည် သူ့ဦးနှောက်တစ်ဖက်မှ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

လုကျင်းယွမ်အမြန်အော်လိုက်သည်။ "ဆေးအကူ၊ ကူပေးဦး"

ရှုချန်သည် ကျည်ကာမီးပြားအား ကွန်တိန်နာဆီသို့ သယ်ဆောင်သွားပြီး လဲကျနေသော လုကျင်းယွမ်ကို ဆွဲတင်လိုက်သည်။ ကံမကောင်းစွာဖြင့် လုကျင်းယွမ်အားဆွဲထုတ်လိုက်သည်နှင့် သေနတ်ပစ်သမားမှ သူ့ဦးခေါင်းအား ပစ်သတ်လိုက်သည်။

ရွှေအဆင့်နည်းပြTempat cerita menjadi hidup. Temukan sekarang