Description

2.9K 123 0
                                    

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးတဲ့နောက်...

မူရင်းစာအုပ် - After Marring the Evil God

Genre – .

အပိုင်းရေ - ၁၀၄+၁၂ပိုင်းအပို။

မူရင်းရေးသားသူ -

အဓိကဇာတ်ကောင် - ချီပိုင်ချာ

အကျဥ်းချုပ်။

ကမ္ဘာ့ နောက်ဆုံးသောနတ်ဘုရား ချီပိုင်ချာ မျက်မှောက်ခေတ်၌ ငြီးငွေ့စွာ ကျင်လည်ပြီးနောက် ချစ်ကျွမ်းဝင်ရန် သာမာန်လူသားတစ်ယောက်အား ရှာ‌တွေ့ခဲ့သည်။

ထို့နောက် တခြားသော သူတစ်ယောက်အား အမှန်စင်စစ် သဘောကျနှစ်သက်မိခဲ့ပြီး ထိုသူဟာ နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် တူညီသော အကြောင်းအရာတစ်ခုကို နေ့စဉ်ရက်ဆက် စိုးရိမ်နေမိပုံရသည်။

စိတ်အတော်အသင့် ပြင်ဆင်ပြီးနောက် မိမိချစ်သူအား မိမိဟာ နတ်တစ်ပါးဖြစ်ကြောင်း ပြောပြရန် ချီပိုင်ချာ ပြင်ဆင်လိုက်သည်။

"အချစ်ရေ၊ ကိုယ်မင်းကိုပြောစရာ သတင်းတစ်ခုရှိတယ်။"

ဖုမင်ယဲ့က ရင်တထိတ်ထိတ်ဖြင့်..

"ကိုယ်လည်း မောင့်ကို ပြောပြစရာတစ်ခု ရှိတယ်။ တကယ်တော့ ကိုယ်ဟာ သေမျိုးတစ်ယောက် မဟုတ်ဘူး။ ကိုယ်ဟာ မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်တယ်။ ကိုယ်ဟာ မိစ္ဆာတစ်ယောက်လို့ ပြောလိုက်လို့လည်း မကြောက်ပါနဲ့။ ကိုယ့်ကိုယ်ကို တရားမျှတပါတယ်လို့ ယူဆနေတဲ့ နတ်တွေ အကုန်လုံးက အကုန် သေမျိုးတွေ..... ဒါနဲ့ မောင်ဘာပြောမလို့လဲ"

ချီပိုင်ချာ : "တကယ်တော့ ကိုယ်ကလည်း သေမျိုး မဟုတ်ဘူး"

ဖုမင်ယဲ့ : ".... မောင်ကဘာလဲ"

ချီပိုင်ချာ : "အံ့ဖွယ်မြင့်မြတ်တာ တစ်ခုခုပေါ့"

လောကရဲ့ မနှစ်မြို့စရာ ကျိန်စာ၊ မောဟ နှင့်‌ မောက်မာမှု တို့ကို ကြားသိရပြီးနောက် မိစ္ဆာဘုရင်ဟာ ကမ္ဘာပေါ်မှ အနူးညံ့ အသန့်ရှင်းဆုံးသော နှင်းပွင့်လေးတစ်ပွင့်အား မေတ္တာသက်ဝင်မိခဲ့လေသည်။

"ကွာခြားချက်အားလုံးကို ဆန့်ကျင့်ပြီး မင်းကို ချစ်သွားပါမယ်"

အေးစက်သိမ်မွေ့သော နှင်းနတ်ဘုရား shou နှင့် အပြင်ပန်းမှာ လွှမ်းမိုးနိုင်စွမ်းအားကြီးပြီး အတွင်းမှာ ဇနီးသည်ရဲ့ထိန်းချုပ်မှုအောက်က Gong 

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now