အခန်း (၄၈)

79 10 1
                                    

CHAPTER(48)အလုပ်ကိစ္စ

အနောက်ဖက်ပင်လယ်မှာ ကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်သည့် နေရာတစ်ခုဖြစ်ပြီး နေ့စဉ်နေ့တိုင်း ကမ္ဘာအနှံ့မှနိုင်ငံခြားခရီးသည်များ ထိုနေရာသို့ သွားရောက်လျက်ရှိနေ၏။

ဖုမင်ယဲ့မှာတက်ကြွသူတစ်ဦးဖြစ်နေသည်။ ချီပိုင်ချာမှ အနောက်ပင်လယ်ကမ်းခြေသွားချင်သည်ဟု ပြောခဲ့ပြီးလျှင်ပြီးချင်း စီစဉ်မှုများပြုလုပ်ရန် ချက်ချင်းဖုန်းဆက်ပေတော့သည်ဖုမင်ယဲ့ တွင် ပုဂ္ဂိုလ်‌ရေးဆိုင်ရာလက်ထောက်တစ်ဦးရှိခဲ့သော်လည်း သူ့ကိုအလုပ်ခိုင်းခိုင်းလေ့မရှိသောကြောင့် ထိုသူမှအလှအဆင်တန်ဆာသက်သက်ကဲ့သို့ ဖြစ်နေသည်။ ဖုမင်ယဲ့ ထံမှပထမဦးဆုံးအကြိမ်အဖြစ် ဖုန်းလက်ခံရရှိလာခဲ့သောအခါ လက်ထောက်ဖြစ်သူမှာ စိတ်လှုပ်ရှားလွန်းခဲ့ပြီး စကားများဗလုံး‌ဗထွေးပြောမိလုနီးနီးဖြစ်သည်။

"ဟုတ်ကဲ့ ဖုဥက္ကဋ္ဌ၊ ခင်ဗျား ကျွန်တော့်ကိုတစ်ခုခု ခိုင်းစရာရှိပါသလားခင်ဗျာ"

နိပ်ဟနောက်ဆုံးတွင် မိမိမှာအသုံးဝင်လာခဲ့ပြီဤကဲ့သို့ 'လစာရပြီးအလုပ်မလုပ်ရသော ' အလုပ်မှာ ကောင်းလေစွဟု ခေါ်နိုင်ခဲ့သော်လည်း အမြဲတစေအသက်ရှင်ရန် အကြောင်းပြချက်မရှိဟုခံစားစေမိခဲ့ပြီး ၎င်းမှာ မိမိအား တစ်နေ့နေ့အလုပ်ဖြုတ်ခံရနိုင်သည်ဟု စိုးရိမ်ပူပန်စေမိနေသည်။

ဖုမင်ယဲ့မှ

"အနောက်ပင်လယ်ကိုသွားဖို့‌ လေယာဉ်တစ်စီးစီစဉ်ပေးစမ်း"

ဟု အမိန့်ပေးသည်။

"ဟုတ်ကဲ့ပါခင်ဗျ"

ဟု လက်ထောက်ဖြစ်သူမှာ ချက်ချင်းအင်တာနက်‌ပေါ်တွင် လေယာဉ်လတ်မှတ်ရှာပေးခဲ့ပြီး

"သူဌေးခင်ဗျာ၊ ဒီနေ့နေ့လည်ထွက်မယ့် အထူးတန်းလေယာဉ်လတ်မှတ်ကို ဘိုကင်တင်လိုက်ရမလား မနက်ဖြန်ထွက်မယ့်လေယာဉ်ကို တင်လိုက်ရမလားခင်ဗျ"

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Waar verhalen tot leven komen. Ontdek het nu