အခန်း (၄၇)

101 12 0
                                    

CHAPTER (47) အနောက်ပင်လယ်

မုံ့ရှင်း ဗီအဲရာပြိုင်ပွဲ၌ ပထမနေရာရရှိခဲ့ပြီးနောက် တစ်ရှိန်ထိုး အောင်မြင် ကျော်ကြားသွားသည်။ ထိုသတင်းမှာ တရုတ်ပြည်သို့ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး သူဆုရရှိသည့် စန္ဒယားဖျော်ဖြေမှု အကြောင်းမှာ တမဟုတ်ချင်း နာမည်ကြီးသွားသည်။ တရုတ်ပြည်သူလူထုသည် များစွာ ဂုဏ်ယူမိကြောင်း သတင်းမီဒီယာများမှာ အလုအယက် ရေးသား ဖော်ပြခဲ့ကြပြီး နိုင်ငံ၏ ဂုဏ်ယူစရာဖြစ်သော မုံ့ရှင်းကို များစွာချီးကျူးခဲ့ကြသည်။

မုံ့ရှင်း ပို၍ထူးချွန်လာခဲ့လေလေ၊ ကွင်းယီရူအား ပို၍ရွံရှာစက်ဆုပ် လာမိခဲ့လေဖြစ်သည်။ သို့သော်၊ ယခုအခါ သူမကိုမည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်ခြင်း မရှိခဲ့ပြီ။ ကွင်းယီရူ ထောင်ကျသွားခဲ့ပြီး သူမ၏ ကုမ္ပဏီမှ ထုတ်ပယ်ခံခဲ့ရသည်။ သတင်းဆိုးဖြင့် ကျော်ကြားခဲ့သော အနုပညာရှင်၏ လက်ရာမှန်သမျှသည် မှတ်ကျောက်တင်ခံထားခဲ့ရာမှ ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည်။ ရက်အနည်းငယ်အကြာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီးနောက် သူမကို မည်သူမှ အာရုံ မထားခဲ့ကြတော့ပေ။ လွန်စွာရှိလှ ရံဖန်ရံခါ သူမအကြောင်းတွေးမိခဲ့ကြကာမှ သူမကို ဝေဖန် အပြစ်တင်ခဲ့ကြတော့မည် ဖြစ်၏။ မုံ့ရှင်းမှာ သူရှိနေခဲ့သင့်သည့် အမြင့်တစ်နေရာတွင်ရပ်နေခဲ့ပြီး တလက်လက် တဖိတ်ဖိတ် တောက်ပနေသော ကြယ်ပွင့်ကလေးဖြစ်လာခဲ့ပြီ။

"ကြယ်ကလေး တောက်ပလာခဲ့ပြီး သူ့ဂေဟာမှူးမေမေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီပဲ၊ ဘာလို့ငါ့လိုဘေးကြည့်နေတဲ့သူတောင် ခံစားမိနေပါလိမ့်"

"ခံစားမိပြီး မျက်ရည်တောင် ကျမိတယ်ကွယ်၊ "ဆိတ်သုဉ်းခြင်း" ကနေ "မျှော်လင့်ချက်" လို့ပြောင်းသွားတာလေးက သိပ်အံ့ဩဖို့ကောင်းတာပဲ၊ အမှန်တရားကို ဖော်ထုတ်ပေးခဲ့တဲ့သူက သိပ်ကို‌ ကြင်နာတတ်တာပဲ"

"အဲဒီပိုစ့်ကို တင်ခဲ့တဲ့သူက ဘယ်သူလဲဝေ...."

ချီပိုင်ချာ တစ်ယောက်မိမိအိမ်၌ ဗီအဲရာပြိုင်ပွဲမှ မုံ့ရှင်း၏ ဖျော်ဖြေမှုကို နား‌ဆင်နေခဲ့လျက် သူ့အရှေ့မှ မှတ်ချက်စာတို အသီအတန်းတို့ တစ်ပုံပြီးတစ်ပုံ‌ တရွေ့ရွေ့ လိပ်တက်နေသည်။ မျက်လုံးများမှိတ်လျက် မုံ့ရှင်း၏ စန္ဒယားတေးသံကို အာရုံစူးစိုက်နားထောင်နေသည်။ သူ၏ နှုတ်ခမ်းအစွန်အဖျားလေးများ ဖြည်းဖြည်းချင်းကော့တက်လာသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now