အခန်း (၃)

403 30 0
                                    

CHAPTER (3) ကြိုတင်ကြံစည်မှု

ထိုစကားဟာ ခလုတ်မောင်းတစ်ခု ဆွဲဖြုတ်လိုက်သလို...။ ရုတ်တရက် အခန်းတွင်းအပူချိန်တို့ မြင့်တက်လာသလို ခံစားမိသည်။ ဖုမင်ယဲ့  ဘေးတိုက် အနေအထားအတိုင်း ဇာတ်လမ်းလေး

စလိုက်သည်။ ချီပိုင်ချာ တစ်ယောက် လည်ပင်းအား သိုင်းဖက်လိုက်ပြီး တစ်ဖက်သား၏ ရင်ခွင်အတွင်းသို့ မျက်နှာအပ်လိုက်သည်။ ရှည်လျားလှသော မျက်တောင်တို့ဟာ ဖန်မျက်လုံးတို့အပေါ် အရိပ်ထင်လျက်ရှိသည်။

ဒီတစ်ကြိမ်ဟာ ပထမဆုံး မဟုတ်ပေ။ ပထမအကြိမ်၌ ရင်တုန်စိတ်လှုပ်ရှားခဲ့ပြီး အရွှန်းဖောက် နောက်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပေ။ ချီပိုင်ချာ၊ ဖုမင်ယဲ့ ချစ်ကြွမ်းဝင်ခဲ့သည်မှာ နှစ်နှစ်ရှိပြီး အိမ်ထောင်သက် တစ်နှစ်ပြည့်နှင့်ပြီး ဖြစ်သည်။ အချစ်စိတ်တို့ ပြင်းထန်လာသည့်အခါ၌ ရှောင်လွှဲ၍ မရသော သေနတ်တစ်လက်အား မောင်းဖြုတ်ရပေမည်။

နှစ်ဦးသား တစ်ကြိမ်တစ်ခါမျှ အတူနေဖူးခြင်းမရှိခဲ့သော မိုးသည်းခဲ့သည့်ထိုတစ်ညတာသည် ငြင်းဆန်ဖို့ အခက်ခဲဆုံးဖြစ်ခဲ့သည်။ ထိုနေ့မနက် တစ်နေကုန်ပန်းခြံ၌ ပျော်ရွှင်စွာ ချိန်းတွေ့ရင်း အချိန်ကုန်ခဲ့ကြသည်။

ည၌ မိုးသည်းထန်စွာ ရွာသွန်းလာသောကြောင့် ဖုမင်ယဲ့ ကားဖြင့် ချီပိုင်ချာ ကို အိမ်သို့ ပြန်ပို့ပြီး အခန်းအရှေ့ထိလိုက်ပို့ခဲ့သည်။ မိုးဟာလည်း သည်းထန်စွာရွာနေခဲ့ ပြီး တဖြောက် ဖြောက်ကျနေခဲ့သည့် မိုးစက်များနှင့် ရင်ခုန်သံတို့ စည်းချက်ညီညီ လှုပ်ရှားခဲ့ကြသည်။ ဖုမင်ယဲ့ ထိုအမျိုးသားငယ်အား အခန်းပြန်ပို့ပြီး လှေကားဆင်းရန် ပြန်အလှည့်၌ မိမိအင်္ကျီ လက်အနားဟာ ရုတ်တရက်ဆွဲခြင်းခံလိုက်ရ၍ လည်ပြန်လှည့်ကြည့်လိုက်မိသည်။

ထိုလူငယ်၏ ပါးလွှာလှပသော နှုတ်ခမ်းတစ်စုံတို့သည် တုန်ရီလျက်၊ သူ၏အသံမှာ

အလွန်တရာနူးညံ့လှသော်လည်း အညိုးတကြီးရွာနေသည့် မိုးသံကို ဖြတ်၍ မိမိ၏နားစည်သို့ ရိုက်ခတ်လာသည်။

“မိုးအရမ်းသည်းနေလို့ .... နေပါဦးလား”

အရာရာဟာ ရှုပ်ထွေးလာသည်။ နှစ်ဖက်စလုံး သည်စကားသည် မည်သည့်အဓိပ္ပာယ် ဆောင်သည်ကို သဘောပေါက်ကြသည်။ သည်းထန်စွာ ရွာသွန်းနေသောမိုးသည် မည်သည့်အခါ၌မျှ အခက်အခဲတစ်‌ခု မဖြစ်နိုင်ပေ။ ဖုမင်ယဲ့ ၌ မိုးကာအင်္ကျီရော ထီးပါရှိလေသည်။ လှေကားမှဆင်းလျှင် ဆင်းခြင်း ကားအတွင်းသို့ တန်းဝင်နိုင်သည်။ မည်မျှလောက်ပင် သည်းထန်‌ပါစေ မိုးတစ်စက်ပင် စိုသွားမည်မဟုတ်ချေ။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now