အခန်း (၅၀)

89 16 0
                                    

CHAPTER (50) ဧရာမသတ္တဝါဆိုး

ယွီယင် ကလေးငယ်ကို လက်အတွင်းပွေ့ပိုက်လျက် အချိန်မည်မျှကြာကြာ မကူးခတ်‌ခဲ့ရမီ သူ့နောက်သို့ လိုက်လာခဲ့သော ကျင်းရန် ကို တွေ့သွားသည်။ မျက်စိသူငယ်အိမ်တို့ ကျုံ့သွားခဲ့ပြီး ခေါင်းကိုချာကနဲလှည့်၍ရှည်လျားသော ဆံပင်များဖြင့် သူ၏ မျက်နှာကိုကွယ်စေသည်။ သူ၏ မာယာရှင်ပုံစံကို လူသိခံ၍မဖြစ်ခဲ့ပေ။ အလျင်လိုနေခဲ့သဖြင့် ယွီယင် လူ့အသွင်သို့ ပြန်မပြောင်းဝံ့ခဲ့ပေ။ လက်အတွင်းပွေ့ထားခဲ့သော ကလေးငယ်ကို ကျင်းရန် ဘက်သို့ တွန်းလွှတ်ခဲ့ပြီး အမြီးကိုအလျင်အမြန်ခါယမ်း၍ ရေအနက်အတွင်းပြန်လည်ကူးခတ်သွားသည်။

ကလေးငယ်မှာ ကျင်းရန် မျက်နှာတည့်တည့်ပစ်ဝင်သွားသည်။ ကသုတ်ကရိုက် ကောင်ကလေးကိုဖမ်းယူခဲ့ပြီး အောက်သို့ ငုံ့ကြည့်ခဲ့သောအခါ ပင်လယ်ရေနက်အတွင်းပျောက်ကွယ်သွား‌သည့် ငါးအမြီးတစ်ခုနှင့်အတူ ရေမှော်ကဲ့သို့ ရှည်လျားသော ဆံပင်များကို တွေ့မြင်သည်။ သာမန်လူ့မျက်လုံးများမှာ အမြင်အာရုံနိမ့်ပါးပြီး အချိန်ကြာမြင့်စွာအသက်ရှူအောင့်ထားပါက အောက်ဆီဂျင်ပြတ်လတ်သွားခဲ့မည်ဖြစ်သည်။ သူသာလူသာမန်တစ်ယောက်ဖြစ်ခဲ့ပါက ဤအရာမှာ ထင်ယောင်ထင်မှားပုံရိပ်ယောင်တစ်ခုဟုသာ ထင်မှတ်ကောင်းထင်မှတ်ခဲ့မိမည်။

"....တကယ်ကြီးလား၊ ပုန်းပြီးဘာလုပ်မှာလဲ၊ နှစ်ယောက်စလုံးက လူမှမဟုတ်တာကို"

ဟု ကျင်းရန် ၏ နှုတ်ခမ်းတစ်စုံ တွန့်တက်သွားသည်။

သို့သော် မာယာရှင်ငယ်ကိုလည်း အပြစ်မဆိုနိုင်ခဲ့ပြန်သည်။ သူ၏ ကျင့်စဉ်အရဖြစ်တည်မှုမှာ အတော်အတန်မြင့်မားနေခဲ့ပြီး သူသည်မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကြောင်း တစ်ဖက်သားမှာမသိရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ကလေးငယ်၏ ဘေးကင်းမှုမှာ ပို၍အရေးကြီးသည်။ ယွီယင် နောက်လိုက်မည့်အကြံကို ကျင်းရန် ပယ်ဖျက်ခဲ့ပြီး ကလေးကိုသယ်ထုတ်သွားခဲ့ကာ အလျင်အမြန် ရေမျက်နှာပြင်ပေါ်သို့ ကူးတက်သွားသည်။

" ကလေးဒီမှာ"

ဟု သူအော်ပြောသည်။

"ကောင်းပြီဟေ့၊ ကလေးကိုရှာတွေ့ခဲ့ပြီ"

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now