အခန်း (၂၂)

126 10 0
                                    

CHAPTER (22) ကျင်းရန်

ရိုက်ကွင်း ဝန်ထမ်းများကြား၌ အရောအနှောအချို့ ရှိခဲ့သည်။ ရောနှောဝင်ရောက်ရန် မခက်သလို မလွယ်လှပေ။

သို့သော် ချီပိုင်ချာ ထိုနေရာ၌ရှိနေသည့်အတွက် အလွန်လွယ်ကူသွားခဲ့သည်။

မစ္စတာဒန်း သည် မည်သူမျှသတိမထားမိသောအခါ၌ မိမိ၏အရှေ့ဘက်ကိုအာရုံစိုက်ထားပြီး ခါးကိုကိုင်းလျက် ခြေကိုဖော့နင်းကာ လျှို့ဝှက်မစ်ရှင်တစ်ခုအား ဆောင်ရွက်နေသည့်သဖွယ် သတိကြီးစွာဖြင့် ခိုးဝင်သွားခဲ့သည်။

သူ၏အနောက်မှကပ်ပါလာသော ချီပိုင်ချာ မူ အိပ်ကပ်အတွင်းလက်လျှိုကာ ခန္ဓာကိုယ်သည်ဖြောင့်မတ်နေလျက် ခြံဝင်းအတွင်းအေးအေးလူလူ လမ်းလျှောက်နေဟန်ဖြင့် လိုက်ပါလာခဲ့သည်။

မစ္စတာဒန်း ၏အဖြစ်သည် နားကိုအုပ်လျက်ခေါင်းလောင်းခိုးသည့်အဖြစ်နှင့် သဘောထားတူနေခဲ့သည်။ ကြီးကျယ်သောပန်းတိုင်တစ်ခုရှိနေသော်လည်း သူသည် အလွန်ကုပ်တိကုပ်ချောင်း ဆောင်ရွက်လျက်ရှိနေခဲ့သည်။ ထိုအရာသည် လူများသတိမထားမိမည်ပါက မည်ကဲ့သို့သောထူးဆန်းသည့်နည်းဖြင့် ထူးဆန်းနေအံ့နည်း။

(နားကိုအုပ်လျက်ခေါင်းလောင်းခိုးသည် ဟူသည်  မိမိကိုယ်ကိုသာ အရူးလုပ်နေခြင်းဖြစ်သည့်အကြောင်း ကို ဆိုလိုသည်)

သို့ရာတွင် ချီပိုင်ချာ မန္တန်ဖြင့် ဝန်ထမ်းအားလုံးအား သူတို့၏တည်ရှိနေမှုကို လစ်လျူရှုထားစေရန် ပြုစားထားခြင်းဖြစ်သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိနိုင်ခဲ့ကြပေ။

မစ္စတာဒန်း အနေဖြင့် မသိခဲ့သည်မှာ အထင်အရှားဖြစ်နေခဲ့သည်။ သူသည် ဝမ်းမြောက်ဝမ်းသာဖြင့်

“ဒါကို အောင်အောင်မြင်မြင်နဲ့ ခိုးဝင်နိုင်ပြီလို့ပြောလို့ရပြီ။ ဒါပေမယ့် ယီအာ ရဲ့ အဝတ်လဲခန်းဘယ်မှာလဲဆိုတာ မသိသေးဘူးဖြစ်နေတယ်....”

သူသည် အပြစ်ကျူးလွန်ထားသည့်အသိစိတ် ရှိနေခဲ့ပြီး အဖမ်းခံရမည်ကိုကြောက်ရွံခဲ့ကာ ဝန်ထမ်းတစ်ယောက်အား သာမံကာလျှံကာသဘောဖြင့် မည်သည့်နေရာ၌ ရှိသနည်းဟု မမေးနိုင်လျက်ရှိခဲ့သည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now