အခန်း (၁၃)

121 12 0
                                    

CHAPTER (13) နားလည်မှုတစ်ခု

ပထမ အကြိမ်တွေ့ဆုံမှုသည် နားလည်မှုလွဲခြင်းအတိသာ ဖြစ်ခဲ့သည်။ ဒဏ္ဍာရီများသကဲ့သို့ မြင်မြင်ချင်းအချစ်တစ်ခု မဟုတ်ခဲ့သော်လည်း ရိုးသား၍ ခံစားချက်၌အတွေ့အကြုံ မရှိသောနတ်တစ်ပါးမှ မိမိသဘောကျသူအား လူသားနည်းလမ်းအတိုင်း ဆွဲဆောင်ခြင်းဖြစ်သည်။ မိမိအား အသုံးအဖြုန်းကြီးပြီး လက်ဖွာသည့် အိမ်ပြေးကလေးငယ်တစ်ယောက် အဖြစ်ထင်မှတ်ကာ လက်ခံခဲ့သည့် အခြားသော အထီးကျန်ပျင်းရိနေသည့်နတ်တစ်ပါးနှင့် တွေ့ဆုံမိခဲ့ခြင်းသာဖြစ်ပြီး ကမ္ဘာလောက၌ နောက်ထပ်အချစ်စုံ တစ်ခုတိုးပွားစေခဲ့ခြင်းသာ ဖြစ်သည်။ ထိုအရာသည် စင်စစ်‌ကပြက်ကချော်နိုင်ခြင်းတစ်ခုဟု ခေါ်နိုင်ခဲ့သည်။

ယင်းအချိန်၌ ဖုမင်ယဲ့သည် အချစ်ဟူသည် မည်သည်ကို ဆိုလိုသည်ကို လုံးလုံးလျားလျား မသိရှိနိုင်လျက်ရှိနေခဲ့သည်။ ထိုလူသည် မိမိ့အဖို့ အလွန်မှရင်းနှီး နေသယောင်ဖြစ်ခဲ့၍ ထိုအမျိုးသား‌နား၌သာ နေလိုခဲ့ခြင်းဖြစ်သည်။ ချီပိုင်ချာ သည်လည်း ဤလူရှုပ်တစ်ယောက်အပေါ်၌ ရေရှည်ခံစားချက်ထားရှိရန် အစီစဉ်မရှိခဲ့ပေ။ သုံးလခန့်မျှကြာပြီးသောအခါ တစ်ဖက်မှမိမိအားဖျက်၍ စွန့်ပစ်သွားမည်ကိုသာ စောင့်စားနေခဲ့သည်။ ထို့အပြင် ချီပိုင်ချာ လူတစ်ယောက်နှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးတစ်ခုအား မတည်ဆောက်လိုခဲ့ပေ။ လက်တွဲဖော်တစ်ယောက်ရှိခြင်း၏ခံစားချက်သည် မည်သို့နည်းဟူသည်ကိုသာ နားလည်လိုခဲ့ခြင်းဖြစ်၍ တကယ့်လက်တွေ့၌ ခိုင်မာသည့်ခံစားချက်တစ်စုံတစ် ခုမရှိပဲ ထို့ထက်ကျော်လွန်သည့် မှောက်မှားကျူးလွန်ခြင်းများ မလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်သားမှ ထိုအချင်းအရာအား တောင်းဆိုလာခဲ့သည်ရှိသော်၊ တမဟုတ်ခြင်းငြင်းဆန်ခဲ့လိုက်မည်ဖြစ်သည်။ တစ်ဖက်သားမှဆက်တိုက် တိုက်တွန်းလာခဲ့သော် ထိုသူနှင့် လမ်းခွဲပျက်စဲလိုက်မည်ဖြစ်သည်။

အမျိုးမျိုးသော ဖြစ်နိုင်ချေများအား တွက်ချက်နေခဲ့သော်လည်း ဖုမင်ယဲ့ သည်၎င်းတို့အားလုံးအား အစအမှအဆုံးထိတိုင် တစ်ချက်ကယ်မျှတောင်းဆိုခြင်း မရှိခဲ့ခြင်းအဖြစ်အား ချီပိုင်ချာ မခန့်မှန်းထားမိခဲ့ပေ။ ဤသည်မှာ သိပ္ပံနည်းမကျသောအချက်ဖြစ်ပြီး အိပ်ခြင်းကိုသဘောကျ‌သည့်လူရှုပ်လူပွေ သည် လက်တွေ့၌အိပ်ယာအကြောင်း တစ်စွန်းစပင် ဖွင့်ဟခြင်းမရှိခဲ့။ အမှန်အားဖြင့် နှစ်ထောင်ချီ အိမ်တွင်းပုန်းနတ်သည်လည်း လူသားများ ယင်းကဲ့သို့အရာများ ဆောင်ရွက်နိုင်သည်ကို မသိရှိခဲ့ခြင်းဖြစ်သည်။ သမီးရည်းစားရှာနည်းနှင့် ပိုးပန်းနည်းအား အင်တာနက်ပေါ်၌ ရှာဖွေနိုင်ခဲ့ရုံဖြင့် မိမိကိုယ်မိမိ ဉာဏ်ကြီးရှင်ဟု ထင်မှတ်နှင့်ပြီးဖြစ်နှင့်သည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now