အခန်း (၃၄)

72 5 0
                                    

CHAPTER (34) ဉာဏ်ရည်သူခိုး

T/W : အဆုံးစီရင်မှုကို ထုတ်ဖော်ပြောကြားခြင်း ပါဝင်သည်။

ချီပိုင်ချာ သူ၏ဖုန်းကိုထုတ်ယူလိုက်ပြီး လမ်းညွှန်အပ်ပလီကေးရှင်းကို ဖွင့်လိုက်သည်။ ပြည့်သူဆေးရုံနှင့် ဂီတကျောင်းတော်သည် အလျှင်းမတူညီသည့်လားရာနှစ်ခု၌ တည်ရှိနေ၏။ အာကာသခရီးသွားခြင်းနိယာမဖြင့် အကွာအဝေးနှစ်ခုကိုဖြေရှင်းနိုင်သော်လည်း မစ္စတာဖု သည်ကန်အတွင်းချိန်ကြာမြင့်စွာ ရေစိမ်နေမည်မဟုတ်သောကြောင့် အရာတစ်ခု၌စုံစမ်းရန်အချိန်သာရှိ၏။

ဖန်းယီအာ ရိုက်ကူး‌ရေးလုပ်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရသည့်သတင်းသည် လက်ရှိ၌ရေပန်းစားနေသည်။ နိုင်ငံကျော်နတ်မိမယ် ဟူသည့်ဂုဏ်ပုဒ်သည် အထင်သေးရန်မဟုတ်ပေ။ အနည်းငယ်မျှထိခိုက်ပွန်းပဲ့ဒဏ်ရာရခဲ့သည်နှင့်ပင် သတင်းခေါင်းကြီးပိုင်း၌‌ ဖော်ပြခြင်းခံရမည်ဖြစ်သည်။ ပရိုဂရမ်အဖွဲ့‌၏နောက်ကွယ်ရှိ ဖန်းယီအာ ၏ကိုယ်စားလှယ်အဖွဲ့နှင့် ဖန်းယီအာ ၏အရှိန်သည် လွန်စွာမြန်လှ၏။ ဖန်းယီအာ တစ်ယောက်ချက်ချင်းလဲကျသွားခဲ့သည်ဖြစ်ပြီး ယခုအခါ၌သတင်းသည် နေရာအနှံ့သို့ပြန့်နှံ့နေနှင့်ပြီးဖြစ်သည်။ ကျွီဟောင် ၏ကိုယ်စားလှယ်အဖွဲ့နှင့်လည်း ညှိပြီးဖြစ်ကောင်းဖြစ်နိုင်စွာ ပရိုဂရမ်အဖွဲ့မှာ ကျွီဟောင် သည် ဖန်းယီအာ ကိုပြုတ်ကျစေခြင်းဖြစ်သည်ကို ချန်လှပ်ထားခဲ့ပြီး ဖန်းယီအာ ရိုက်ကူးနေစဉ်ထိခိုက်ဒဏ်ရာရရှိကြောင်းကိုသာ သူမ၏ကိုယ်စားလှယ်များထံ အသိပေးခဲ့ပုံရသည်။

ထိုသတင်းမှာ ဖန်းယီအာ စံအိမ်တစ်လုံးသို့အဝင်ထွက်ပြုလုပ်ခဲ့သည့်သတင်းအား လွှမ်းခြုံသွားခဲ့၏။ ယ‌မန်နေ့၌ ဖန်းယီအာ ၏စာရိတ္တပိုင်းဆိုင်ရာကို မေးခွန်းထုတ်နေသည့်သူများရှိနေခဲ့သော်လည်း ယခုအခါ သူမ၏ ဝေပေါ်‌အကောင့်သည် ပူပင်သောကနှင့်ဂရုဏာတရားတပုံတပင်ဖြင့် ပြည့်နှက်နေခဲ့၏။ အလျော့မပေးတတ်သည့်မုန်းတီးရေးသမားများရှိနေသေးခဲ့သော် ၎င်းတို့မှာအဖွဲ့လိုက်တိုက်ခိုက်ခံနေရလျက် ပြစ်ပြစ်နှစ်နှစ်အဆဲဆိုဝေဖန်ခြင်းကို အတိခံယူနေကြရ၏။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now