အခန်း (၉)

137 14 0
                                    

CHAPTER ( 9 )  သတ်မှတ်စနစ်

ဝေ့စုန်းနန် ‌၏နှလုံးတဒုတ်ဒုတ်ခုန်လျက် ‌ကြောက်ရွံ့ထိတ်လန့်စွာ တွံ့တွေးမျိုချမိသည်။ သူ့အနေဖြင့် အာကသာအချိန်ခရီးသွားခြင်းဌာနဟူသည် မည်သည့်အရာဟူသည်ကို မသိခဲ့သော်လည်း အခြားကမ္ဘာသားတစ်ယောက်အနေဖြင့် ထိုလူငယ်သည် ကိုယ်တိုင်မသိသောအကြောင်းအရာအား‌ မေးမြန်းမည်မဟုတ်ဟု သံသယဝင်မိသည်။

မဖြစ်နိုင်သောကိစ္စမဟုတ်လော။ ကျူးကျော်သူ သို့ ဝိညာဉ်အသစ်သို့ကူးပြောင်းမှီတွယ်သူ ဟူသည့် အထောက်အထားသည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သကဲ့သို့ အားထားရာအဖြစ်ဆုံးအရာလည်းဖြစ်သည်။ မိမိပိုင်ဆိုင်သည့်စနစ်အားကိုးဖြင့် ဝေ့စုန်းနန် မိမိသည် ယခုကမ္ဘာ၏အထက်ပုဂ္ဂိုလ်များထက် သာလွန်သည်ဟုအထင်သေး၍ ကျူးကျော်ခဲ့ခြင်းဖြစ်သည်။ မူလကမ္ဘာတွင်ကား သာမာန်မျှသာဖြစ်လေသည်။ ယခုအခါထိုလျှို့ဝှက်ချက်သည် လျှပ်တပြက် ထွက်ပေါ်သွားသည်ဟုယူဆရသောကြောင့် ဝေ့စုန်းနန် အဘယ်ကြောင့်မထိတ်လန့်ပဲရှိနိုင်အံ့။

“ဘာအာကာသနဲ့အချိန်ခရီးသွားဌာန (စကြာဝဠာခရီးသွားဌာန )လည်းခင်ဗျားဘာပြောနေမှန်း ကျုပ်နားမလည်ဘူး”

ဟု ဝေ့စုန်းနန် တည်ငြိမ်စွာပြောလိုက်သည်။

ချီပိုင်ချာ သဘောမတူဟန်ဖြင့်

“ဒါဖြင့် ခင်ဗျားမှာခွင့်ပြုချက်မရှိဘူးဆိုပါတော့”

စကြာဝဠာခရီးသွားဌာနသည် နတ်အပေါင်း၏အချုပ်ဖြစ်သော ဗြဟ္မာ၏အာဏာ‌အောက်၌ တည်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။မရေတွက်နိုင်လောက်သည့် လောကများတည်ရှိပြီး လောကတစ်ခုစီ၌ ယင်းလောက၏ဆိုင်ရာပိုင်ရာအစောင့်အရှောက်များ ရှိသည်။တွင်းရေနှင့်မြစ်ရေတို့သည် တစ်သီးတစ်ခြားစီတည်ရှိသောအရာများဖြစ်သကဲ့သို့ ‌အစောင့်ရှောက်များသည်လည်း မိမိတို့နှင့်စပ်ဆိုင်သည့် လောကကိုသာအုပ်ချုပ်ကြသည်။ စွမ်းအားအကြီးဆုံးသောနတ်မျိုးသည် ဗြဟ္မာဖြစ်၍ ခပ်သိမ်းသောနတ်အပေါင်းတို့အား ဦးဆောင်လျက်စကြာဝဠာအား အုပ်စိုးသူဖြစ်သည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now