အခန်း (၅၁)

128 15 0
                                    

51 01

CHAPTER (51) ကမ္ဘာနံပါတ် ၄၉၃

ကမ္ဘာနံပါတ် ၄၉၃ တွင် မြူလွှမ်းနေသော သွေးတောအုပ်အတွင်း လှပသော ဆံပင်အဖြူရောင် နတ်သူငယ်လေးတစ်‌ကောင် သူ့အတောင်များကိုချိနဲ့စွာ တဖျပ်ဖျပ်ခတ်ကာ အနီရောင်သစ်ရွက်များပေါ် လျှောက်လှမ်းလျက် သစ်ပင်တစ်ပင်၏ ပင်စည်ကို အားပြုပြီး မောဟိုက်နေခဲ့သည်။ ချီတုံချတုံဖြင့် အနောက်ပြန်လှည့်ကြည့်ခဲ့သည်။ ထိုသွေးစုပ်ကောင် သူ့ကိုမီလာခဲ့ပြီလား။

ကမ္ဘာ၏ ၉၀% မှာသမုဒ္ဒရာ ဖြစ်သော်လည်း ကုန်းပေါ်မှ မျိုးနွယ်စုများသည်း ၎င်းတို့ ၏ ရန်သူကိုခုခံရန်အတွက် အချင်းချင်း စည်းလုံးမှုမရှိခဲ့ကြပေ။ သို့မဟုတ် ဗန်ပိုင်းယားမျိုးနွယ်စု တစ်စုတည်းသာ ထိုအတွေးမရှိနေခဲ့ခြင်းဖြစ်မည်။ သမုဒ္ဒရာမျိုးနွယ်စုများမှ ကုန်းမြေကိုသိမ်းယူရန် ၎င်းတို့ ၏ ရည်မှန်းများ မစုစည်းခဲ့မီအချိန်ကတည်းက သွေးစုပ်ကောင်များသည် နတ်သူငယ်များ၏ သဘာဝရန်သူတော်များဖြစ်ခဲ့ကြသည်။ ဗန်ပိုင်းယားမျိုးနွယ် သွေးစုပ်ကောင်များသည် သွေးသောက်ခြင်းဖြင့် အသက်ရှင်ကြရပြီး နတ်သူငယ်မျိုးနွယ်စုမှာ ၎င်းတို့ သားကောင်မျိုးနွယ်စုများအနက် မျိုးနွယ်စုတစ်စုဖြစ်ခဲ့သည်။

သမုဒ္ဒရာနေမျိုးနွယ်စုများကိုလည်း အစာအဖြစ်အမှီပြုနိုင်ခဲ့သော်လည်း ထိုသတ္တဝါတို့ ၏ သွေးမှာ နတ်သူငယ်များလောက်အရသာမရှိခဲ့ပေ။ မကြာခဏဆိုသလို နတ်သူငယ်များမှာသွေးများခမ်းခြောက်သည်အထိ စုပ်ယူခြင်းခံခဲ့ရပြီး သေဆုံးခဲ့ကြရသည်။ နတ်သူငယ်များသည် သဘာဝနှင့်နီးစပ်ကြပြီး မျိုးရိုးစဉ်ဆက်လူပုများနှင့် မိတ်ဆွေအဖြစ်နေထိုင်လာခဲ့ကြသည်။ ၎င်းတို့သည် သဘာဝဒြပ်စင်များမှ သလင်းကျောက်နျူကလိယိုင်းကိုစုဆောင်းခဲ့ပြီး လူပုများကိုပေးကာ အပြန်အလှန်အနေဖြင့် ၎င်းတို့ ကိုကာကွယ်‌ပေးစေခဲ့သည်။

လူပုများသည် ပန်းပဲအလုပ်ကိုအလွန်နှစ်သက်ကြပြီး ဗန်ပိုင်းယားမျိုးနွယ်စုများကို သီးသန့်အမဲလိုက်ရန် သလင်းကျောက်မြှုပ်နှံထားသော လက်နက်များ သွန်းလုပ်ပြီး နတ်သူငယ်များကို ကာကွယ်ပေးခဲ့သည်။ နတ်သူငယ်များမှာ လူပုများကို‌ အထောက်အပံ့ပေး၍ လူပုများမှာ သွေးစုပ်ကောင်များဖြင့် ရင်ဆိုင်ပေးပြီး သွေးစုပ်ကောင်များသည် နတ်သူငယ်များအပေါ် အမဲလိုက်သည့် ပိရမစ်ပုံ ဆက်ဆံရေးဖြင့် မျိုးနွယ်စုသုံးစုမှာအချင်းချင်း ထိန်းချုပ်နေထိုင်ခဲ့ကြသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now