အခန်း (၅)

227 17 0
                                    

CHAPTER ( 5 ) နှစ်ပေါင်းတစ်ရာတိုင်

ချီ ပိုင်ချာ  ဂိုထောင်ဆီသို့ အချိန်ကာလခရီးသွားခြင်း ဖြင့်ခုန်ကူးခဲ့ရာ၌ မိမိနှင့်တစ်ပါတည်း Chevrolet ကားကိုပါ ပြောင်းရွှေ့ခဲ့လေသည်။ သတိပြန်လည်ခြင်းမရှိဘဲ မေ့မြောနေသည့် ‌ကျောင်းကျင်းရီ အား ခရီးသည်ခုံ၌ နေရာချပေးလိုက်သည်။ မကောင်းဆိုးနှင့် တစ္စေအား မြင်တွေ့ရပြီးနောက် ကြီးမား‌သောစိတ်ဒဏ်ရာ ရရှိပြီးနောက် လွန်စွာကြောက်လန့်ပြီး သတိလစ်သွားခဲ့ခြင်းဖြစ်သည်။ ချီပိုင်ချာ လက်ကိုဆန့်ထုတ်လိုက်သောအခါ အဖြူရောင်အလင်းတန်းတစ်ခု မိန်းမငယ်လေး၏ နဖူးထက်၌ ‌လျပ်ပြေးပြီးနောက် အတွင်းစိတ်ထဲ့သို့ နစ်မြုပ်ဝင်ရောက်သွားခဲ့သည်။

ကျောင်း‌ကျင်းရီ နိုးထလာသောအခါ၌ ယခုည မြင်တွေ့ခဲ့သမျှ အရာအားလုံးအား မေ့ပျောက်သွားမည်ဖြစ်ပြီး ပြန်ပေးဆွဲသမားများ ကြောင့် သတိလစ်သွားခဲ့ရခြင်း ဖြစ်ကြောင်းသာ မှတ်မိနေမည်ဖြစ်သည်။ မှတ်ဉာဏ်ဖျက်ခြင်း ပြီးဆုံးသည့်နောက် ကျောင်းကျင်းရီ အိမ်သို့ ချီပိုင်ချာ ကားမောင်းလာခဲ့သည်။ နှစ်အစ ကျောင်းအပ်စဉ်အချိန်၌ အတန်းသားများအားလုံးသည် မိမိတို့ဆိုင်ရာ အိမ်လိပ်စာတို့ကို ဖောင်အတွင်း ရေးဖြည့်ထားခဲ့ကြသည်။ ချီပိုင်ချာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံးကိုမှတ်မိခဲ့ပြီး ကျောင်းကျင်းရီ ၏ အိမ်လိပ်စာအား ရှင်းလင်းစွာ သိရှိနှင့်ပြီးဖြစ်သည်။ ဆယ်မိနစ်အကြာ၌ ချီပိုင်ချာ ၏ကား‌လေးသည် သာမန်အိမ်တစ်လုံးရှေ့သို့ ဆိုက်ရောက်ခဲ့သည်။ လင်မယား အချင်းချင်း အချင်းများနေကြသည့်အသံကို အပြင်မှ အတိုင်းသားကြားနေရသည်။ ဇနီးဖြစ်သူသည် ခင်ပွန်းသည်အား သမီးဖြစ်သူ ယခုကဲ့သို့‌ ပျောက်ဆုံးရခြင်းမှာ သမီးအား ကျောင်းအကြိုအပို့ ကိစ္စမဆောင်ရွက်နိုင်လောက်အောင် ယောကျာ်းဖြစ်သူ အလုပ်များလှခြင်းကို မကျေမနပ် မြည်တွန်တောက်တီးနေခြင်းဖြစ်သည်။အမျိုးသားဖြစ်သူလည်း စိတ်နှလုံးမချမ်းမြေ့စွာဖြင့် တိတ်တဆိတ်ထိုင်နေခဲ့လေသည်။ သမီးဖြစ်သူကို အတူတကွ လိုက်ရှာခဲ့ကြသော်လည်း ရှာမတွေ့ပဲရှိခဲ့သည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Donde viven las historias. Descúbrelo ahora