အခန်း (၅၃)

124 14 1
                                    

53 01

CHAPTER (53)နတ်စမ်းရေ

ည အချိန်ရောက်နှင့်ပြီးဖြစ်သောကြောင့် တောအုပ်သည်‌ပိတ်ပိန်းမှောင်မိုက်နေခဲ့ပြီး အသံတစ်သံပင်မကြားနိုင်လောက်အောင် တိတ်ဆိတ်နေခဲ့သည်။ လူပုက‌လေးမှာ မီးအိမ်ကိုလက်မှကိုင်ပြီး ချီပိုင်ချာ ကိုလမ်းပြလျက် လမ်းတောက်လျှောက်ပုံပြင်များပြောပြလာခဲ့သည်။ မလှမ်းမကမ်းမှ အလင်းရောင်မှုန်ပြပြလေးကိုမြင်ရသောအခါတွင်

"ငါတို့ ရောက်ပြီ"

ဟု ပျော်ရွှင်စွာပြောခဲ့သည်။ ချီပိုင်ချာ လှမ်းမျှော်ကြည့်လိုက်သောအခါ ပုံပြင်ထဲမှနတ်သမီးတိုင်းပြည်တစ်ခုသို့ ရောက်သွားခဲ့သည်နှယ် ခံစားမိခဲ့သည်။ ပိုးစုန်းကြူး‌လေးများ သစ်ပင်မြက်ပင်များကြား၌ တလက်လက်တောက်ပစွာ ဝေ့ဝဲပျံသန်းနေခဲ့ကြသည်။ တောမြိုင်အတွင်း အတောင်ပံပါရှိသော နတ်သူငယ်လေးများ ဟိုမှသည်သို့ကူးလူးပျံသန်းနေခဲ့ကြသည့်မြင်ကွင်းမှာ အလွန်ပင်အိပ်မက်ဆန်နေခဲ့သည်။

ပယ်ရီ နှင့် လူပုကလေးတို့ ဝင်ရောက်လာခဲ့သည်ကို သတိထားမိခဲ့‌ကြသောကြောင့် နတ်သူငယ်လေးများတစ်ကောင်ပြီးတစ်ကောင် လှန်းကြည့်လှည့်ကြည့်‌ပြုနေခဲ့ကြသည်။ ပန်းပွင့်နတ်သူငယ်လေးတစ်ကောင် သစ်ခေါင်းအတွင်းမှပျံထွက်လာခဲ့ပြီး ချီပိုင်ချာ ထံပြေးဝင်သွားခဲ့သည်။ သူ့ကိုတင်းကျပ်စွာပွေ့ဖက်ထားခဲ့လျက်

"ပယ်ရီ ရယ်၊ ကျေးဇူးကြီးလှပေစွ၊ နင် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့ပြီပဲ။ ဘာလို့အပြင်မှာ အဲဒီလောက်အကြာကြီးနေနေခဲ့တာလဲ ငါ နင့်ကိုစိတ်ပူလို့သေတော့မယ်"

ဗန်ပိုင်းယားများထံ အဖမ်းခံခဲ့ရသော နတ်သူငယ်များသည် အိမ်ပြန်လာနိုင်ခဲ့ခြင်းမရှိ။ ထို့ကြောင့် သူမသည်လည်း ပယ်ရီ တစ်ယောက်အဖမ်းခံခဲ့ရသည်ဟု ထင်မှတ်မိခဲ့ခြင်းဖြစ်သည်။

ချီပိုင်ချာ မိမိရှေ့ရှိနတ်သူငယ်လေးမှာ မည်သူဖြစ်သည်ကိုလည်းကောင်း မည်ကဲ့သို့ဆက်ဆံရေးရှိခဲ့သည်ကိုလည်းကောင်း မသိရှိခဲ့သဖြင့် စကားပြန်မပြောခဲ့ဘဲသတိနှင့်သာနေခဲ့သည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Onde histórias criam vida. Descubra agora