အခန်း (၇)

205 21 0
                                    

CHAPTER ( 7 ) ပက်ပင်းကြုံဆုံမှု ပထမဆုံးအကြိမ်

သမရိုးကျ အဟာရပြည့်ဝသော မနက်စာပြင်ဆင်ခြင်းစတင်ခဲ့သည်။  ပေါင်မုန့်မီးကင် အားအသည်းပုံသဏ္ဌာန် ယိုသုတ်ကာ ၊ မွှေးကြိုင်လှသော အစာသွပ်အူကြောင်းအနံ့နှင့်အတူ အခွံမဲ့သောနည်းဖြင့် ရေ၌ပေါင်းသည့်  ရွှေရောင်အနှစ်ရည်များလျှံကြ‌နေသော ကြက်ဥအကာကျက်ပြုတ်နှင့် အတူ လည်ပင်းအစဆုံး အချိုဓာတ်တို့ စီးဆင်းသွားစေသည့် သကြားအဆသုံးဆယ်မျှ ပါဝင် နို့တစ်ခွက်သည် စားချင်စဖွယ်မနက်စာဖြစ်ခဲ့သည်။ မနက်စာ စားသောက်ပြီးစီးသော အခါ၌ နာရီလက်တံသည် ရှစ်နာရီသို့ ရောက်ရှိနေသည်။ မနက်ရှစ်နာရီခွဲ ၌ ချီပိုင်ချာ အလုပ်သို့အရောက်ဖြစ်ပြီး ဖုမင်ယဲ့ တစ်ယောက်အနေဖြင့် ကိုးနာရီအတိ၌ ကုမ္ပဏီဥက္ကဌ တစ်ယောက်အဖြစ် မဖြစ်မနေတတ်ရောက်ရမည့် လက်မှတ်ရေးထိုးရန် ကိစ္စတစ်ခုရှိလေသည်။

၎င်းတို့၏ အိမ်သည် ကျောင်းဖြင့် နီး၍ ကုမ္ပဏီနှင့် အဝေး၌တည်ရှိသောကြောင့် အိမ်မှ အတူတူ ထွက်ခွာလေ့ရှိသည်။”လိုက်ပို့ရဦးမလား” အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော ဖုမင်ယဲ့ သည် အမြင်မရှိ၍ သူတစ်ပါးအတင်းဖျင်း၌ မွေ့လျော်ကာ အသုံးဖြုန်းကြီးသူတစ်ယောက်နှင့် မတူပဲ အထက်တန်းစား စီးပွားရေးသမားတစ်ယောက် အသွင်ဆောင်နေသည်။ ဖုမင်ယဲ့ ၏ အာရုံငါးပါးသည် အနောက်တိုင်း၏ သုံးဖက်မြင် အလှရသခံစားမှုတို့နှင့် လိုက်လျောညီမှုမရှိဘဲ အရှေ့တိုင်း၏ ကြော့ရှင်းသော အထက်တန်းစားတစ်ယောက်အနေကိုသာ နှစ်သက်သည်။ ပါးလွှာပြီး အထက်သို့တစ်ဝက်လှန်နေသည့် နှုတ်ခမ်းတစ်စုံနှင့် အနည်းငယ်ကျဉ်းမြောင်းသော မီးတောက်ငှက် ပမာ မျက်ဝန်းတို့သည် မညှာတာတတ်သော အထက်လူကြီးတစ်ယောက် ပုံဖော်နေသည်။ သို့သော် ထိုအသွင်ပန်းသဏ္ဌာန်သည် သူစိမ်းကိုသာ ချုပ်ချယ်နိုင်၍ အိမ်တွင်မူ မိမိသာလျှင် အချုပ်ချယ်ခံ လူတန်းစားဖြစ်သည်။”လမ်းမှ မတူတာလေ”ချီပိုင်ချာ နွားနို့အား လက်စသက်သောက်သုံးပြီး တစ်သျှူးစက္ကူဖြင့် နှုတ်ခမ်းသုတ်လိုက်သည်။ ကျောင်းနှင့် ကုမ္ပဏီသည် တောင်နှင့်မြောက် သကဲ့သို့ တစ်လမ်းဆီ တည်ရှိနေသောကြောင့် အမြဲလိုလို သပ်သပ်ခပ်ခပ် အလုပ်သွားကြရမြဲဖြစ်သည်။ ထို့အပြင် ဖုမင်ယဲ့ ဇိမ်ခံကား သာ ကျောင်းဂိတ်ဝ၌ ပေါ်လာခဲ့သော် မြင်သူအပေါင်း အံ့ဩမှင်သက်ကုန်မည်။ ထိုအပြင် ချီပိုင်ချာ ၏ ခပ်လျှိုလျှို နေတတ်သောစရိုက်နှင့် လားလားမျှ မအပ်စပ်သော အရာဖြစ်သည်။ လွယ်အိတ်အား ကောက်ယူပြီး”မောင် ကျောင်းသွားတော့မယ်၊ ညမှ ပြန်တွေ့မယ်နော်”

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now