အခန်း (၂၁)

101 10 0
                                    

CHAPTER (21) စုံစမ်းမှု

နဂါး မျက်လုံးတစ်လုံးအား သိမ်းထားရခြင်းသည် တကယ်စင်စစ် အနည်းငယ်ထူးဆန်းသော‌အကြောင်းအရာဖြစ်သည်ဟု နှင်းနတ် ထင်မှတ်မိခဲ့သည်။ သို့သော် သူ၏ကျေးဇူးရှင် ရှင်းပြခဲ့သောအကြောင်းပြချက်ကြောင့် သူ့အနေဖြင့်ယင်းမျက်လုံးအား လွှင့်ပစ်ခဲ့ရန် မသင့်လျော်ခဲ့ချေ။

‌နဂါးပုလဲအား နေရောင်အောက်၌ စေ့စေ့စပ်ပ်ကြည့်ရှု့သောအခါဝယ် ထိုပုလဲသည် အလွန်တရာလှပသောပုလဲတစ်လုံးဖြစ်သည်ကို တွေ့ရှိခဲ့လေသည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် နဂါးတစ်ကောင်အား သုတ်သင်ခဲ့ဖူးခြင်းဖြစ်ကာ သာမန်ထက်လွန်ကဲသောထူးခြားမှုဖြစ်ပြီး ယင်းပုလဲအားရတနာတစ်ခု အဖြစ်သိမ်းထားခဲ့ရန် သူ ဆုံးဖြတ်ခဲ့လေသည်။

ယင်းအဖြစ်ပျက်သည် နှိုးခြင်းခံလိုက်ရသည့်နောက်၌ ထိုနတ်သည် မည်သည့်နတ်ဖြစ်သည်ဟူသည်ကို သူ့အနေဖြင့်မသိရှိခဲ့ရသော်လည်း သူမှလွဲသော အခြားနတ်တစ်ပါးအား ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းဖြစ်သည်။ နှင်းနတ်သည် အိပ်ပျော်လိုခြင်းမရှိခဲ့တော့သောကြောင့် နှင်းတောင်များမှထွက်ခွာလာခဲ့ပြီး အပြင်လောကနှင့်ထိတွေ့ကာ အခြားသောနတ်များစွာနှင့် သိကျွမ်းခဲ့လေသည်။

လေနတ်၊ မိုးနတ်၊ မိုးကြိုးနတ်၊ ပန်းနတ် အစရှိသောနတ်များသည် အရောင်သွေးစုံလင်လှသော နတ်ဝတ်ရုံများဆင်မြန်းထားခဲ့ကြကာ ၎င်းဝတ်ရုံတစ်စုံချင်းစီတိုင်းသည်လည်းကောင်း အလွန်တရာလှပခဲ့ကြသည်။

မြောက်မြားစွာသော သဘာဝနတ်ဘုရားများ ရှိခဲ့သော်လည်း ထိုနေ့၌ သူ့အားကယ်တင်ပေးခဲ့သော ဝတ်ရုံအနက်ဆင်မြန်းထားသည့်နတ်မှာ ၎င်းတို့အလယ်၌ ရှိမနေခဲ့ပေ။

သူ၏မိတ်ဆွေအသစ်များအား မေးမြန်းခဲ့ရာ၌လည်း ထိုနတ်ဘုရားအားလုံးသည် ယင်းနတ်ဘုရားအား တစ်ကြိမ်တစ်ခါမျှမြင်ဖူးခဲ့ခြင်းမရှိကြောင်း တညီတညွတ်တည်း ဖော်ထုတ်ခဲ့ကြလေသည်။

ဝတ်ရုံအနက်ဆင်မြန်းထားသောနတ်ဘုရားသည် ဤကမ္ဘာ၌တည်ရှိခဲ့ခြင်း မရှိဟန်ထင်မှတ်ခဲ့ရသည်။ နှင်းနတ်သည် အချိန်ကြာမြင့်စွာ ရှာဖွေခဲ့သော်လည်း ၎င်းအနေဖြင့် သည်ကနေ့အထိတိုင် မတွေ့ရှိနိုင်လျက်ရှိနေခဲ့သည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now