အခန်း (၄၉)

136 11 0
                                    

CHAPTER (49) ရေဘဝဲလက်တံ

ပူနွေးသော အသက်ရှူသံတို့ နားရွက်ဘေးမှပွတ်သပ်ရှပ်ပြေးသွားခဲ့ပြီး အနည်းငယ်ယားယံမှုတို့ကို ခံစားမိသည်။ မိမိ၏ ခါးပတ်လည်၌ဝေ့လည်နေခဲ့သော ဖုမင်ယဲ့၏ လက်များကို ချီပိုင်ချာ ငုံကြည့်ခဲ့ပြီး ‌ချီတုံချတုံဖြင့်

"ဒါအဆင်ပြေပါ့မလား၊ မောင် မနက်ဖြန်အတွက်အား မရှိလောက်တော့ဘူးနော်"

"မောင်ပင်ပန်းရင် မနက်ဖြန်တစ်ရက်နားပြီး ဟိုတယ်မှာပဲနေလိုက်ပေါ့ နောက်ရက်မှဆိုလည်း အရမ်းနောက်မကျသေးပါဘူး"

ဟု ဖုမင်ယဲ့မှပြန်လည်ပြောကြားသည်။ သူတို့အလောတကြီးအလျင်လိုနေခဲ့သည်လည်း မဟုတ်ခဲ့ပေ။ ဟိုတယ်အခန်းခများမှာ ဈေးကြီးသော်လည်း ၎င်းမှာမပြောပလောက်သော ပမွှားပမာဏသာဖြစ်သည်။

ချီပိုင်ချာ ငြိမ်ကျသွားခဲ့ပြီး ထို့‌နောက်ရုတ်တရက် ချာကနဲလှည့်၍ ဖုမင်ယဲ့၏ လည်ပင်းကိုသိုင်းဖက်လျက် နမ်းလိုက်သည်။ အနောက်ပင်လယ်အက်ကြောင်းကိုပြင်ဆင်ခဲ့ပြီးသော် အတွင်းအား ပြန်လည်ချိတ်ပိတ်ရန် လပေါင်းများစွာအချိန်ပြန်ယူခဲ့ရဦးပေမည်ဖြစ်သောကြောင့် အဘယ်ကြောင့်များသည်ညတစ်ကြိမ် အလိုမလိုက်ဘဲနေလိုက်သင့်ပါမည်နည်း။

ဖုမင်ယဲ့၏ အကြည့်များ၌ ရမ္မက်များပြင်းထန်လာသည်။ သူ၏ အနမ်းကိုပြန်လည်တုံ့ပြန်ခဲ့ပြီး ခန္ဓာကိုယ်မှရေချိုးတဘက်ကိုဆွဲဖယ်ခဲ့ပြီး သူ့ကိုအိပ်ရာ၌ဖိကပ်ထားသည်။

_ _ _ _ _ _

လှိုင်းလုံးများတစ်လုံးပြီးတစ်လုံး ကမ်းခြေသို့ အရှိန်ဖြင့်ရိုက်ခတ်လို့‌နေသည်။ မြင့်မားသော လှိုင်းလုံးများမှာမှန်ကိုခွဲ၍အခန်းတစ်ခုလုံး‌ကိုရေလွှမ်းမည့်အလား အရှိန်ဖြင့်ပြေးဝင်လို့‌နေသည်။ ဖုမင်ယဲ့၏ လှိုင်းကဲ့သို့ စည်းချက်ဖြင့် ချီပိုင်ချာ နိမ့်ချီမြင့်ချီ ပင်လယ်ပြင်မှလှေငယ်ပေါ်၌လှဲလျောင်းနေခဲ့သည်နှယ်၊ သူ၏ ခန္ဓာကိုယ်မှာ ရေ၌မျောနေခဲ့သော ဗေဒါပင်သဖွယ် ခါယမ်းလို့နေသည်။ တရှိန်ထိုးမြင့်တက်သွားသော လှိုင်းလုံးများကြောင့် မတိမ်း‌မှောက်မီတအိအိလှုပ်နေခဲ့သော သင်္ဘောကိုယ်ထည်ပမာ လှုပ်ရမ်းနေသည်။ တစ်ချက်တစ်ချက် ရေနစ်သူကဲ့သို့ မြှုပ်သွားခဲ့ရပြီး ချက်ချင်းပင် အသက်ပြင်းပြင်းရှူရန် ရေမျက်နှာပြင်‌အထက်ပြန်လာခဲ့ရပြန်သည်။ နောက်ဆုံးသော ရေမျောကမ်းတင်သစ်ကို ဖက်တွယ်နေခဲ့ရသကဲ့သို့ သူ့အရှေ့မှအမျိုးသားကိုမြဲမြံစွာဖက်တွယ်ထားသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now