အခန်း (၃၁)

106 10 1
                                    

CHAPTER (31) မုံ့ရှင်း

T/W: attempted Suicide

သတိ : ဤအခန်း၌ အဆုံးစီရင်ရန် ကြိုးပမ်းမှုပါဝင်နေသည်။

လမ်း အစမှ လမ်းကြားအဆုံးထိ ချီပိုင်ချာ နှင့် ဖုမင်ယဲ့တို့ လမ်းတောက်လျှောက် မုန့်ဆိုင်တန်းများမှ မုန့်မျိုးစုံ အကုန်စားနေခဲ့ကြသည်။ သူတို့အနေဖြင့် လူ့လောကအစားစာများ၏အရသာကိုသာ ခံစားနိုင်ခဲ့၏။ နတ်ဘုရားများသည် အစားအစာမလိုအပ်ကြပြီး ဆာလောင်ခြင်း (သို့မဟုတ်) ပြည့်အင့်ခြင်း သဘာဝ မရှိကြကာ အလွန်အကျူး စားမိခြင်းကိုလည်း မခံစားမိတတ်ကြပေ။ ထို့ကြောင့် သာမန်လူတစ်ယောက်အနေဖြင့် ပမာဏမည်မျှ စားသုံးရသည် ကိုသော်လည်းကောင်း အဆုံး၌ နှစ်ဦးစလုံးမည်မျှ စားမိခဲ့ကြသည်ကိုလည်းကောင်း လုံးလုံးလျားလျား မသိရှိဘဲ ရှိ‌နေခဲ့ကြသည်။ မည်သို့ဆိုစေ ဗိုက်ပြည့်ကားသည်အထိ စားသောက်နေခဲ့ကြခြင်းသာ ဖြစ်သည်။

ဖြစ်စဉ်တစ်ခုလုံး၌ သတိထားမိတတ်သည့် လူတစ်ယောက်သာ ရှိခဲ့သော် ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည် ထိုအမျိုးသားငယ်နှစ်ယောက်သည် အစာအိမ်ကြီးသခင်သကဲ့သို့ စားသောက်လိုစိတ် ရှိကြသည်ကို ကြိမ်းသေ သတိထားမိခဲ့မည် ဖြစ်သည်။ သို့သော် ကာယကံရှင်နတ်ဘုရားနှစ်ပါးကမူ သတိထားမိခဲ့ခြင်း မရှိကြ၏။ (အစာအိမ်ကြီးသခင်=အစားသောက်ပြိုင်ပွဲများ၌ အနိုင်ရသည့်လူ)

ချစ်ရသူနှင့်အတူရှိနေရသည့် ချိုသက်သက်ခံစားချက်မှာ အချိန်စက်ဝန်းအား ဖုံးဖိထားလို့နေခဲ့၏။ နံဘေးမှချစ်သူမှာ ဝဝလင်လင်မစားရသေးဘူးဟူသည့်အထင်ဖြင့် အတူတကွလိုက်စားပေးခဲ့ကြကာ တစ်ဖက်လူဗိုက်ပြည့်မှပြန်မည်ဟူသည့် အတွေးကိုသာ သူတို့တွေးခဲ့ကြသည်။

နှစ်ဦးစလုံးမှာအကြံတူနေခဲ့ကြပြီး လူ၏အစာစားချင်စိတ်သည် နတ်တစ်ပါးနှင့်မတူကွဲပြားကြောင်း သတိရသွားခဲ့သည့်အခါ၌ လမ်းတောက်လျှောက်တစ်လမ်းလုံးမှ ရှိသမျှမုန့်အကုန်စားနှင့်ပြီးခဲ့ကြနေပြီဖြစ်သည်။ သတိထားမိပြီးနောက် ချီပိုင်ချာ အနည်းငယ်စိုးရိမ်သွားခဲ့သည်။

"‌မင်း အစာမကြေမတာ ဘာညာမဖြစ်တတ်ပါဘူးမလား"

ဖုမင်ယဲ့ : "မဖြစ်ပါဘူး၊ မောင်ရော"

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now