အခန်း (၂၀)

109 9 0
                                    

CHAPTER (20) နဂါးပုလဲ

ယာ ယီတိတ်ဆိတ်မှုသည် ကျောင်းသားများအား အနိုင်ယူသွားခဲ့ကာ ၎င်းတို့သည် ဤကဲ့သို့ အဖြေအားမျှော်လဲ့မထားမိခဲ့ကြပေ။

ရိုးသားသည့်ကလေးငယ်များသည် စတင်၍အလေးအနက် တွေးခဲ့ကြသည်။

၎င်းတို့အနေဖြင့် ဤသည်ကိုအဘယ်သို့ပြောရပေမည်နည်း။ အလွန်အထက်တန်းကြလှသော၊ အလွန်ရည်မွန်သော ချီပိုင်ချာ သည် ချမ်းသာကြီးမားသည့်မိသားစုမှ ပျိုးထောင်ခြင်းခံခဲ့ရသော ကလေးငယ်တစ်ယောက်နှင့်တူနေခဲ့ကာ ဂုဏ်သတင်းကြီးမားသည့် တက္ကသိုလ်မှဘွဲ့ရရှိခဲ့ပြီး အလွန်မှလည်းခန့်ညားလေသည်။ အတိုချုပ်၍ဆိုရသော် သူသည် သာမာန်လူတန်းစားခေါင်းစဉ်အောက်၌ အသေချာကျရောက်မနေခဲ့ပေ။ သာမာန်မိသားစုများအနေဖြင့် ဤကဲ့သို့ တင့်တယ်မှုအား ပြုစုပျိုးထောင်ပေးနိုင်ရန် ခဲယဉ်းခဲ့သောကြောင့်ဖြစ်လေသည်။

တစ်ခါတစ်ရံ၌ ထိုမျှထူးချွန်သည့်ပုဂ္ဂိုလ်သည် သာမာန်အထက်တန်းကျောင်းဆရာအဖြစ်ရွေးခဲ့သည်ကို ၎င်းတို့အနေဖြင့် အလွန်ထူးဆန်းလျက်ရှိခဲ့ကြသည်။ လူအများစုအနေဖြင်လည်း ချီပိုင်ချာ သည် မျိုးရိုးကြီးမိသားစု၏သားဖြစ်ပြီး ဘဝအတွေ့အကြုံအတွက် အိမ်မှထွက်လာခဲ့သည်ဟု လျှို့ဝှက်ခန့်မှန်းခဲ့ကြလေသည်။

သို့ရာတွင် နှစ်ပေါင်းများစွာစာသင်ကြားပေးလျက်ရှိခဲ့ပြီး နှိမ့်ချသိုသိပ်စွာနေထိုင်လျက်ရှိခဲ့သော ချီပိုင်ချာ ၏ဘဝနေထိုင်မှုအဆင့်အတန်းသည် သာမာန်လူတန်းစား၏ဘဝနေထိုင်မှုအဆင့်အတန်းဖြင့် ကွာခြားခြင်းမရှိလျက်ဖြစ်နေခဲ့သည်။ ထိုအခါမှသာလျှင် ချီပိုင်ချာသည် အလွန်အလုပ်ကြိုးစားပြီး ထူးချွန်သည့် မိသားစုနောက်ခံ၏အထြော်အပံ့မရှိခဲ့သော သာမာန်လူတစ်ယောက်ဖြစ်သည်ဆိုသည်အား ယုံကြည်ခဲ့ကြသည်။

သို့သော် သူသည်သာမာန်လူတန်းစားမိသားစုမှ ဆင်းသက်လာနေခဲ့ခြင်းဖြစ်ခဲ့သော်လည်း ၎င်းတို့သည် ချီပိုင်ချာ အား အလွန်ဆင်းရဲ‌၍ ခါလီလက်ထက်ခြင်းဖြင့်သာ လက်ထက်ခဲ့မည်ဟု မထင်မှတ်ခဲ့ကြချေ။ ထိုအချိန်ဝယ် ကျောင်းသားများသည် ၎င်းတို့မှတ်မိခဲ့သည့် သတိထားမိခဲ့သည့်အရာများအား ပြန်လည်၍နည်းနည်းခြင်းစီ ဖော်ထုတ်တွေးတောခဲ့ကြသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Waar verhalen tot leven komen. Ontdek het nu