အခန်း (၁၀)

152 16 0
                                    

CHAPTER ( 10 ) လက်ထောက်

ချီပိုင်ချာ အရင်ဦးစွာ ဖုမင်ယဲ့ ထံဖုန်းပြန်ပို့ရန် ပြင်ဆင်လိုက်ပြီး ထိုနောက်မှသာ ကျူးကျော်သူနှင့်၎င်း၏ စနစ်အား ကိုင်တွယ်မည်ဟု၍ အ‌လင်းလုံးငယ်နှစ်ခုအား ခေတ္တသိမ်းဆည်းထားလိုက်သည်။ ဖုမင်ယဲ့၏ ကိစ္စနှင့်နှိုင်းယှဉ်လျှင် ယခုအဖြစ်သည် ပါချိပါချ အသေးမွှားကိစ္စလေးမျှသာဖြစ်သောကြာင့်ပင်။ ချီပိုင်ချာ ကုမ္ပဏီ၏‌ရှေ့မျက်နှာစာခန်းမကျယ် ထဲသို့လျှောက်လမ်းဝင်ရောက်လာခဲ့သည်။ ဧည့်ကြိုကောင်တာမှဝန်ထမ်း‌တစ်ယောက်သည် မိမိအားမြင်၍ ချက်ချင်းထိုင်ရာမှထကာ

"မစ္စတာ ချီ"

ဟု နှုတ်ခွန်းဆက်လိုက်သည်။ကုမ္ပဏီမှဝန်ထမ်းအားလုံး ချီပိုင်ချာ မည်သူဆိုသည်ကိုသိရှိကြသည်။ သေမျိုးမဟုတ်သော ချီပိုင်ချာ သည် မိမိမည်သူဟူသည်ကို သိရှိသောအခါ၌ ပြသာနာတစ်စုံတစ်ရာမရှိစေလိုသောကြောင့် အဘယ်သူဟူသည့် အထောက်အထားချန်ခဲသည်။ဖုမင်ယဲ့ သည် တရုတ်ပြည်၏လူကုံထံအသိုင်းအဝိုင်းမှဖြစ်ကာ နိုင်ငံတစ်ဝက်ခန့်၌ ကျော်ဇောစာရင်းဝင်သူတစ်ဦးဖြစ်သောကြောင့် ချစ်သူဖြစ်သူမှာလည်း သတင်းမီဒီယာများ၏ အာရုံစိုက်ခြင်းခံရသောသူဖြစ်သည်။ချီပိုင်ချာသည် လူအများအာရုံစိုက်ခြင်းမခံလိုကြောင်း ဖုမင်ယဲ့အားပြောခဲ့သောကြောင့် ဖုမင်ယဲ့သည် မိမိဩဇာဖြင့် ချီပိုင်ချာ၏ဓာတ်ပုံတစ်ပုံပင် ပြည်သူကြားပြန့်နှံ့ခြင်းမရှိစေရန် ကာကွယ်ပေးခဲ့သည်။

သို့သော် ချီပိုင်ချာသည် လက်တွေ့၌ လူမှုဆက်ဆံရေးခေါင်းပါးသူမဟုတ်ပေ။ ရံဖန်ရံခါ၌ ကုမ္ပဏီသို့သွားကာ ဖုမင်ယဲ့အတွက် အစားအသောက်များပို့ပေးလေ့ရှိပြီး ဝန်ထမ်းများနှင့် စကားပြောလေ့ရှိသည်။ ဖုဥက္ကဌ၏ချစ်သူအား ဝန်ထမ်းအားလုံး မှတ်မိကြသည်။တစ်ခါ၌ ဖုမင်ယဲ့ ကုမ္ပဏီတစ်ခုလုံးအရေးပေါ်အစည်းအဝေးဟု ကြေငြာခဲ့ပြီးသက်တော်စောင့်များဖြင့် ကုမ္ပဏီအောက်ထပ်ပတ်ဝန်းကျင်ကို ရှင်းလင်းစေခဲ့သည်။ ဝန်ထမ်းအားလုံးသည်လည်း အထူး အရေးပေါ်ကိစ္စဟုထင်‌မှတ်မိကာ ကုမ္ပဏီရှိအစည်းဝေးခန်းမ၌ အပြေးအလွှားစုရုန်းရောက်ရှိ သောအခါ၌ ပရိုဂျက်တာမျက်နှာပြင်ပေါ်၌ ချောမောသောပုဂ္ဂိုလ်နှစ်ဦး၏ မင်္ဂလာဓာတ်ပုံနှင့်တကွ အတိတ်မှအမှတ်တရများ ပြသထားသည်ကိုသာ မြက်ခဲ့ရသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now