အခန်း (၃၅)

82 15 1
                                    

CHAPTER (35) ကြယ်များ၏တောင့်တရာ

T/W : ဤအခန်း၌ အဆုံးစီရင်မှုအတွေးများ ပါဝင်နေပါသည်။

ကောင်းကင် အထက်၌ ကြယ်တာရာများစုဝေးနေခဲ့သည့်ညတစ်ညတွင် မုံ့မျိုးရိုး မိဘမဲ့ဂေဟာတစ်ခု၏ဂေဟာမှူးသည် ဂေဟာ၏အဝင်၀၌စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်လေးတစ်ယောက်ကို ပွေ့ချီခဲ့လိုက်သည်။ အသက်နှစ်နှစ်အရွယ်ခန့်ရှိနေသည့် ထိုကလေးငယ်၏မျက်ဝန်းများ၌ကြယ်လေးများကို မြင်ခဲ့သောကြောင့် သူ့ကို မုံ့ရှင်း ဟုခေါ်ရန် သူမဆုံးဖြတ်ခဲ့သည်။

ထိုကလေးငယ်သည် တခြားသောကလေးငယ်များနှင့်မတူကာ စကားပြောနောက်ကျပြီး သုန်မှုန်နေသည့်ပင်ကိုစရိုက်ရှိလျက် တစ်ဦးတည်းသီးသန့်နေလိုသည်ကို သူမသတိထားမိခဲ့သည်။ အရုပ်များကိုလည်းစိတ်မဝင်စားကာ တခြားကလေးငယ်များနှင့်လည်း အတူဆော့ကစားများမရှိ၏။ ဆေးရုံသို့ဆေးစစ်ချက်ပြုလုပ်ရန်ခေါ်ဆောင်သွားပြီးအခါ၌ ထိုကလေးငယ်သည် အသက်နှစ်နှစ်ခွဲမတိုင်မီကလေးများ၌ ဖြစ်ပွားလေ့ရှိသည့် မွေးကင်းစအော်တစ်ဇင် ရောဂါခံစားနေရသည်ဖြစ်ကြောင်း သူမရှာဖွေတွေ့ရှိခဲ့သည်။

ထို့အကြောင်းအရာကြောင့်ပင် ကျန်းမာသည့်ကလေးငယ်သာလိုချင်သော သူ၏မွေးမိဘများထဲမှ စွန့်ပစ်ခြင်းခံခဲ့ရခြင်းဖြစ်ပေမည်။ မစ္စမုံ့ သည်ကလေးငယ်အပေါ်အထင်သေးခြင်းမရှိကာ ညီတူမျှတူဆက်ဆံပေးခဲ့သည်။ မတော်တဆမှုတစ်ခုခုကြောင့် မိဘများတိမ်းပါးသွားခဲ့ရသည့် ကလေးငယ်များအပြင် အမျိုးမျိုးသောချို့ယွင်းချက်များနှင့်ကလေးငယ်များသည်လည်း ဂေဟာ၌ရှိနေခဲ့သည်။ ထိုကလေးငယ်များမှာ တာဝန်မဲ့မိဘများမှ လောကအတွင်းသို့ခေါ်ဆောင်ခြင်းခဲ့ပြီး ဖိနပ်စုတ်ပမာစွန့်ပစ်ခြင်းခံခဲ့ရ၏။

အော်တစ်ဇင်ရှိသည့်ကလေးငယ်များသည် အဖော်ပြုပေးမှုနှင့်ထိန်းကျောင်းမှုတို့ပိုမိုလိုအပ်၏။ မစ္စမုံ့ ၏စိတ်ရှည်မှုတို့သာပင်ပန်းသွားခဲ့သည့်တိုင် မုံ့ရှင်း တစ်ယောက်အဖြေတစ်စွန်း၏တစ်ဝက်မှတစ်ပါး မတုံ့ပြန်ခဲ့ပေ။

ဂေဟာမှူးမုံ့ သည်ကလေးငယ်များကို စန္ဒယားတီးပြပြီး သီချင်းဆိုသင်ပေးခဲ့သည်။ ထိုစန္ဒယားမှာ စေတနာရှင်တစ်ဦး၏အလှူဖြစ်ပြီး ကလေးငယ်များကို သီချင်းဆိုခြင်းဖြင့်ပျော်ရွှင်စေလိုသောကြောင့် အားလပ်ချိန်များ၌ သားချော့တေးအချို့ကိုသူမလေ့ကျင့်‌ခဲ့သည်။ သူမအကျွမ်းကျင်ဆုံးတီးခတ်နိုင်သည့်သားချော့တေးသည် 'မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေး' ဖြစ်၏။ "မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေး၊ မင်းဘယ်သူလဲ ငါသိချင်တယ်၊ ဟိုးမိုးကောင်းကင်အထက်မှာ စိန်လေးတစ်ပွင့်လိုတောက်ပနေခဲ့တယ် ...."

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now