အခန်း (၂၅)

241 19 8
                                    

CHAPTER (25) အဖြေမဲ့ (သို့) ဖြေရှင်း၍မရသောပုစ္ဆာ

တစ်ဦးနှင့်တစ်ဦးမိတ်ဆက်ခြင်း ပြီးဆုံးပြီးနောက် ရှိုးအားသေချာစတင်ရိုက်ကူးခဲ့ကြသည်။ ပရိုဂရမ်အဖွဲ့မှ ကျောင်းသားများနှင့်ဆရာထံ အချိန်ဇယားများပေးပို့ပေးခဲ့ကြပြီး ပထမဆုံးစာသင်ချိန်မှာ သင်္ချာဖြစ်သည်။

ပုစ္ဆာများနှင့်အိမ်စာများအား အဖွဲ့မှပြင်ဆင်ပေးခြင်းဖြစ်သည်။ ပါဝင်သည့်အရာများသည် မသိကိန်းနှစ်လုံးပါညီမျှခြင်းပုစ္ဆာများနှင့် မညီမျှခြင်းပုစ္ဆာများဖြစ်သည်။ ဤသင်ရိုးသည် အထက်တန်းသင်ခန်းစာအစစ် ဟုတ်ပါသလား။ ချီပိုင်ချာ ခေါင်းစဉ်များကိုမြင်ပြီးသည့်နောက် အနည်းငယ်ယုံကြည်မှုကင်းမဲ့ခဲ့သကဲ့သို့ခံစားမိသည်။

သို့သော်လည်း ထိုကိစ္စအပေါ်သဘောပေါက်၏။ ယခုကဲ့သို့ရှိုးပွဲများသည် လူအများအားပျော်ရွှင်စေလိုသည်ဖြစ်ပြီး အမှန်တကယ်စာသင်ကြားပေးရန်မဟုတ်ပေ။ လူအများစု၏အထက်တန်းကျောင်းသားဘဝသည် ၎င်းတို့ဉာဏ်ရည်၏ထိပ်ဆုံးအချိန်ဖြစ်ခဲ့သည်။ ကျောင်းပြီးဘွဲ့ရပြီးသည့်နောက်၌ ဧည့်သည်များသည်လည်း ၎င်းတို့အထက်တန်းကျောင်းသားဘဝ၌သင်ယူခဲ့ရသည့် သင်ခန်းစာများအား မေ့ကုန်လျက်ရှိကြမည်ဖြစ်၏။ မေးခွန်းအစစ်သာပေးရမည်ဆိုပါက ၎င်းတို့အားအရှက်ရစေမည်သာဖြစ်သည်။

သူငယ်တန်းအပေါင်း၊အနှုတ်ပုစ္ဆာများသကဲ့သို့ ၁+၁=၂ ဟုမချပေးခဲ့သည်မှာပင် ပရိုဂရမ်အဖွဲ့မှ ဧည့်သည်များ၏ဉာဏ်ရည်အပေါ်ထားရှိသည် အယုတ်ဆွဆုံးသောလေးစားသမှုဖြစ်နေနှင့်ခဲ့ပြီ။

အခြားဘာသာရပ်ဆိုင်ရာအပိုင်းများ၏ စုစုပေါင်းကြာချိန်သည် ဂီတနှင့်သရုပ်ဆောင်အတန်းထက်ကျော်လွန်ခဲ့မည်မဟုတ်ကာ အပိုင်းရှည်ရန်ဟူသည့် သီးသန့်ရည်ရွယ်ချက်အတွက်သာ ထိုအပိုင်းများအားပေါင်းထည့်ခဲ့ခြင်းဖြစ်သည်။ ချီပိုင်ချာ ထိုအချက်ကိုရှင်းရှင်းလင်းလင်း သဘောပေါက်၏။ ပုစ္ဆာများအား လိုတိုရှင်းသဘောဖြင့်သာရှင်းပြခဲ့ကာ လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ ကြာမြင့်သောအချိန်အလွန်ကတည်းကပင် ရောက်ရှိနှင့်‌နေခဲ့သည့် ဧည့်သည်များ၏အတိတ်မှမှတ်ဉာဏ်များအား ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။ ထို့နောက် အဖြေလွှာများအားစတင်ဝေပေးခဲ့သည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now