အခန်း (၁၂)

120 9 0
                                    

CHAPTER (12) အလားအလာကောင်း

“ကျွန်ုပ်တို့ရဲ့စနစ်ထဲမှာ အကုန်ရှိတယ်။ တန်ခိုးကြီးဆေး၊ ကိုယ်ချုံ့ဆေး၊ ကိုယ်ပျောက်ဆေးရည်၊ .... အရှင်ဘာပြောလိုက်တာလဲ။ ဘဝသက်ရှည်ဆေးရည်”

သတ်မှတ်စနစ် စကားလုံးများဖြင့်ဆို့နင့်လျက်

“အဲဒါက ကောင်းကင်နဲ့ဆန့်ကျင်နေလို့ ကုန်တိုက်ထဲမှာမရှိဘူး စ်နေတယ်”

ချီပိုင်ချာ အနည်းငယ် စိတ်ပျက်သွားခဲ့သော်လည်း မျက်နှာအမူတို့ ပြောင်းလဲခြင်းမရှိခဲ့။

“အို့ တ်ပေသား၊ ကျန်းမာအသက်ရှည်ဆေးတော့ ရှိသားပဲ။ မသေမျိုးဘဝတော့ ရောက်ရှိနိုင်မှာ ဟုတ်ပေမယ့် လိုတာထက်ပိုပြီး  နှစ်ပေါင်း၅၀၀ ထိအသက်ရှည်နိုင်တယ်”

သတ်မှတ်စနစ်မှ ဖြည့်စွက်၍

“အရှင်လိုအပ်လို့လား အရှင်က မသေမျိုးနတ်တစ်ပါးဖြစ်နှင့်ပြီးသားကို ဒီလိုအသုံးမဝင်တဲ့ဆေးကို မလိုအပ်သင့်ဘူးလို့ ထ...”

“လိုတယ်”

ချီပိုင်ချာ ဖြတ်ပြောလိုက်ပြီး

“သိပ်ကို အပ်တယ်”

ဟု ညင်သာစွာ ည့်စွက်ပြောလိုက်သည်။ နှစ်ပေါင်း ၅၀၀ ဟူသည် နတ်တစ်ပါးအတွက် တင်္ဂကာလသာဖြစ်သော်လည်း လူသာမန်တို့အဖို့ နှစ်ပေါင်း ၄၀၀ ပိုအသက်ရှင်နိုင်သေးသည်။ မသေမျိုးတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်မည့် နည်းလမ်းအား ရှာဖွေရန်အတွက်လည်း အချိန်ပိုရမည်ဖြစ်သည်။

“ဟိုလေ... အရှင်နှင်းနတ်၊ စနစ်ရဲ့ကုန်တိုက်ထဲမှာရှိတဲ့ အရာမှန်သမျှက အမှတ်နဲ့လဲလှယ်ဖို့လိုအပ်ပြီး နို့မဟုတ်ရင် ကျွန်ုပ်ထုတ်ပေးလို့မရဘူး။ ကျန်းမာအသက်ရှည်ဆေးက အမှတ် ၁၀၀ လိုအပ်တယ်”

ဟု သတ်မှတ်စနစ်မှ ချိနဲ့စွာ ပြောကြားလာခဲ့သည်။

“သို့ပေမယ့် ယခင်လက်ခံသူနာမ်မှ ရှိရှိသမျှအမှတ်အားလုံးကို အရှင့်မန္တန်က လွတ်မြောက်ဖို့အတွက် အကုန်အသုံးပြုခဲ့တယ်”

အကောင့်၏လက်ရှိအမှတ် မှာ သုည အနေထားဖြစ်နေသည်။

ချီပိုင်ချာ မှ

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Onde histórias criam vida. Descubra agora