အခန်း (၃၂)

73 8 0
                                    

CHAPTER (32) အားကစား

ယနေ့၏ရိုက်ကွင်းနေရာသည် ကာယကွင်းပြင်ဖြစ်ပြီး ယနေ့အကြောင်းအရာမှာ ကိုယ်ကာယလှုပ်ရှားမှုဖြစ်သည်။

စနေတင်္ဂ‌နွေပိတ်ရက်နှင့်ကြုံခဲ့ရသောကြောင့် ကျောင်းသားများ၏ပိတ်ရက်ဖြစ်၍ ကာယကွင်းမှာကြည့်ရှုသူပရိတ်သတ် များများစားစားဆွဲဆောင်နိုင်ခြင်းမရှိပေ။ ပရိုဂရမ်အဖွဲ့မှပြိုင်ပွဲအတွက် ခြေသုံးချောင်းအပြေးပြိုင်ပွဲ၊စုံတွဲကြိုးခုန်ခြင်းနှင့် ဝိတ်ထမ်းအပြေးပြိုင်ခြင်း ဟူသည့် တက်ကြွလှုပ်ရှားမှုသုံးခုကို အဖွဲ့နှစ်ဖွဲ့အားယှဉ်ပြိုင်စေရန် ထည့်သွင်းစီစဉ်ထားခဲ့သည်။

ပြိုင်ပွဲတစ်ပွဲစီ၌ နှစ်ယောက်တစ်တွဲ ယှဉ်ပြိုင်သွားခဲ့ကြရမည်ဖြစ်ပြီး မည်သူနှစ်ဦးယှဉ်ပြိုင်သွားကြရမည်ဆိုသည်ကို အဖွဲ့မှဆုံးဖြတ်ပေးသွားမည်ဖြစ်၏။ စည်းမျဉ်းများကို ကြေငြာပြီးခဲ့ပြီးနောက် သရုပ်ဆောင်အဖွဲ့နှင့် အဆိုတော်အဖွဲ့တို့ လူစုခွဲကာဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ခြေသုံးချောင်းအပြေးပြိုင်ပွဲနှင့် စုံတွဲကြိုးခုန်ခြင်းနှစ်မျိုးလုံးသည် နားလည်ရလွယ်ကူ၏။ ဝိတ်ထမ်းပြေးခြင်းမှာ သဲအိတ်ထမ်းပြေးရမည်မဟုတ်လျက် ပြိုင်ပွဲဝင်ဧည့်သည်တစ်ဦးမှ ကျန်ဧည့်သည်တစ်ဦးအား ကျောဖြင့်ထမ်းချီပြေးရမည့်ပွဲဖြစ်သည်။ သယ်ချီပြေးမည့်သူ၏ကာယခွန်အားနှင့် အသယ်ခံရမည့်သူ၏ကိုယ်အလေးချိန်မှာ အဓိကအခရာဖြစ်သည်။ နောက်ဆုံး၌ နာမည်စာရင်းထုတ်ပြန်ခဲ့သည်။

ခြေသုံးချောင်းပြိုင်ပွဲ၌ တွဲဖက်များအနေဖြင့် အဆိုတော်အဖွဲ့မှ လျွို့ခိုင်ရှန်း နှင့် ယွီယင်၊ သရုပ်ဆောင်အဖွဲ့မှ ကျင်းရန် နှင့် ကျွီဟောင် တို့ဖြစ်ကြပြီး

စုံတွဲကြိုးခုန်ခြင်း၌ ဂီတအဖွဲ့မှ ကွင်းယီရူ နှင့် ယွီယင်၊ သရုပ်ဆောင်များအဖွဲ့မှ ကျင်းရန် နှင့် ဖန်းယီအာ တို့သည်လည်းကောင်း

ဝိတ်ထမ်းအပြေးပြိုင်ခြင်း၌ တေးဂီတအဖွဲ့မှ လျွို့ခိုင်ရှန်း နှင့် ကွင်းယီရူ၊ သရုပ်ဆောင်များအဖွဲ့မှ ဖန်းယီအာ နှင့် ကျွီဟောင် တို့အသီးသီး နှစ်ယောက်တစ်တွဲစီ ယှဉ်ပြိုင်သွားကြမည်ဖြစ်၏။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now