အခန်း (၁)

1.2K 56 0
                                    

CHAPTER (1) နှင်းနတ်ဘုရား

ဝင်စပြုနေတဲ့နေမင်းဟာ ရွှေရောင်သန်းလျက် ညနေခင်းတိမ်စိုင်များဟာလည်း ကောင်းကင်အပြည့် ချီတက်လျက်ရှိသည်။ လေထုဟာလည်း အနွေးဓာတ်တို့ဖြင့် နွေးထွေးကာ သစ်ပင်အရိပ်များဟာ နွေလယ်ညနေဆည်းဆာဖြာချိန်ရွှေရောင် မြေပြင်ပေါ်၌ ဟိုသည်ယိမ်းထိုးလျက် ရှိသည်။

နမ်ချန်း အမှတ် ( ၁ ) အလယ်တန်းကျောင်းအနီးရှိ အသည်းကျော် ကိတ်မုန့်ဆိုင်လေးဟာလည်း အလုပ်အရှုပ်ဆုံး အချိန်သို့ ကျရောက်နေလေသည်။ ကျောင်းဆင်းချိန်ဖြစ်၍ ဆိုင်အတွင်း ကျောင်းသားများဖြင့်ပြည့်နှက်က ငါးတစ်ယောက်တစ်စု၊ သုံးယောက်တစ်စုသော ကျောင်းသားအုပ်စုငယ်များ၏ ရယ်မောသံ၊ တီးတိုးသံ တို့ဟာ ပျားပန်းခက်သလိုဝေဆာလျက်ရှိသည်။

ငွေကိုင်လေးတစ်ယောက် ခေါင်းငုံလျက်အနေအထားဖြင့် ငွေလက်ခံလိုက်၊ အကြွေအမ်းလိုက်ဖြင့် အလုပ်ရှုပ်နေသည်။ မကြာခဏဆိုသလို လက်ကိုမြောက်ကာ နဖူးကချွေးသုတ်ရင်း အကြောလျော့ရန် ခေါင်းမော့ချိန်ပင်မရ ဖြစ်နေသည်။ ဒီလိုပူပြင်းတဲ့‌တစ်နေ့တာအတွက် လေအေးပေးစက် မဖွင့်ပေးနိုင်တဲ့ ကပ်စေးနှဲသူဌေးရယ်၊ နှစ်အယောက်အပြင် အပိုမရှိတဲ့ ဝန်ထမ်းရယ်ကြောင့် အလုပ်မများဘဲ မရှိနိုင်ဖြစ်နေသည်။

ရေဘဝဲတစ်ကောင်လို လက်ရှစ်ချောင်းမရှိတဲ့ မိမိကိုယ်မိမိ မုန်းမိနေခဲ့သည်။ ရုတ်တရက် တစ်ဆိုင်လုံး၌ အသက်ရှူသံတစ်ခုထဲ ကြားနိုင်လောက်သည်အထိ ရုတ်ချည်း ငြိမ်ကျသွားခဲ့သည်။

ခြေသံဖွဖွလေးနှင့်အတူ လှုပ်ရှားနေသော အမျိုးသားတစ်ယောက်၏အသံဟာ သူ့ခေါင်းအထက်မှ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာခဲ့သည်။

"Hello... ကျွန်တော် နေ့လည်က မှာထားတဲ့ မွေးနေ့ကိတ်လာယူတာပါ"

ငွေကိုင်လေး ခေါင်းကို ဆတ်ကနဲ မော့ကြည့်လိုက်တဲ့အခါ သိမ့်မွေ့သောမျက်ဝန်းတစ်စုံ ဖြင့် တွေ့ဆုံလိုက်ရသည်။ ထိုလူငယ်၏မျက်နှာဟာ နှင်းနှင့်ရေခဲအသွင် ရှိလျက် TVပေါ်က သရုပ်ဆောင်တွေထက်ပင် ပိုကြည့်ကောင်း‌ နေသည်။ အသားအရေဟာလည်း အေးစက်ဖြူဖျော့ကာ နူးညံ့သောအသွင် ဆောင်နေသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now