အခန်း (၃၆)

85 11 1
                                    

CHAPTER (36) ဆိတ်သုဉ်းခြင်း

ချီပိုင်ချာ မော်လ်သို့တစ်ခေါက်ပြန်သွား၍ လှည့်ပတ်ကြည့်ရှုခဲ့ပြီးနောက် ဖုမင်ယဲ့ အတွက်အဝတ်အစားတစ်စုံ ဝယ်ပေးခဲ့သည်။ ရေချိုးခန်းသို့ပြန်ရောက်သောအခါ ဖုမင်ယဲ့ ရေချိုးကန်မှထွက်ခါစဖြစ်၍ သူ၏ကျောမှရေများစီးကျနေပြီး ရှည်လျားသောသူ၏ခြေတံများအထက်၌ ရေချိုးသဘက်ကိုပတ်ထားခဲ့သည်။ သူ၏ခါးနှင့်အပေါ်ပိုင်းခန္ဓာကိုယ်ကြွက်သားများမှာ ထင်းထွက်နေခဲ့သည်။

ချီပိုင်ချာ ဈေးဝယ်လာသည့်အိတ်ကို သူ့ထံတိုက်ရိုက်ပစ်ပေးလိုက်ပြီး

"အဝတ်ဝတ်လိုက်၊ အကုန်လုံးက မင်းဆိုဒ်ကြီးပဲ"

ဖုမင်ယဲ့ အိတ်ကိုလက်ခံယူခဲ့ပြီး

"မောင့်အတွက် မောင်ဘာမှမဝယ်လာခဲ့ဘူးလား ချာချာ ကကိုယ့်အတွက် အမြဲစဉ်းစားပေးနေတာပဲနော်"

ချီပိုင်ချာ : "မောင်ကကိုယ်တိုင်းနဲ့ ချုပ်ထားတာပဲဝတ်တာ"

ဖုမင်ယဲ့ : "...." ဟုတ်ပြီလေဗျာ

ကျောင်း၌ရေပြတ်နေဆဲဖြစ်သဖြင့် နှစ်ယောက်သား ညနေစာကိုစားသောက်ဆိုင်၌စားသောက်ခဲ့ကြပြီး အိမ်သို့တန်းပြန်ခဲ့ကြသည်။ ရေချိုး၌ ကိုယ်လက်သန့်စင်ခြင်းပြီးစီးသောအခါ ချီပိုင်ချာ အိပ်ရာဘေးရှိစားပွဲအတွင်းမှ သူ၏လက်ထက်လက်စွပ်ကိုထုတ်ယူခဲ့ပြီး လက်‌ချောင်းထိပ်များဖြင့်ညှပ်ယူကြည့်ခဲ့သည်။

လုံးဝန်းပြီးတောက်ပြောင်နေသော ရေသူမမျက်ရည်သည် အလွန်လှပသော သူ၏သွယ်လျလှပသောလက်ချောင်းများကို ရောင်ပြန်ဟပ်နေခဲ့သည်။ အိပ်ရာပေါ်လှဲချလိုက်ပြီး ကွင်းယီရူ ကိုမည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို စဉ်းစားနေခဲ့သည်။ သူမကို စနစ်အသုံးပြုခွင့်မရှိ‌‌အောင် ပိတ်ချလိုက်ရန်မခက်ခဲသော်လည်း ခက်ခဲသည်မှာ မုံ့ရှင်း ၏နာမည်ကိုပြန်လည်ပြုပြင်ပေးခြင်းဖြစ်၏။

ကွင်းယီရူ ၏စနစ်သည် အခြားသူများမရေးထပ်ရသေးသော လက်ရာများကိုကူးယူခဲ့ခြင်းဖြစ်ပြီး သူမသီချင်းဖြန့်ဖြူးခဲ့သောအချိန်မှာ မုံ့ရှင်း၏ဖန်တီးမှုထပ်ပြီး စောနေခဲ့သည်။ ထိုအချက်၌ပြုပြင်၍မရပေ။ သို့သော် သူမကဲ့သို့စနစ်များရှိနေသည်ကိုလည်း အများထံအသိပေး၍မဖြစ်ပေ။ ကမ္ဘာမှယုံ၏၊မယုံ၏ကိုပြောလို၍မဟုတ်လျက် ယုံသည်ရှိသော် ထိုအရာကို သုတေသနပြုလုပ်ရန်ကြိုးစားလာကြပြီး ဖန်တီးကာထိုကဲ့သို့ထည့်သွင်းစနစ်များကို ပိုင်ဆိုင်ရန်ကြိုးပမ်းအားထုတ်လာကြပါက ၎င်းမှာ ပြသနာများကိုပိုမို ပေါ်ပေါက်စေနိုင်၏။ လူတို့၏နှလုံးသားကို တိုက်ရိုက်မြင်နိုင်ခြင်းမရှိသဖြင့် အထိုက်အလျောက်မှန်းဆ နေထိုင်ရမည်ဖြစ်၏။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now