အခန်း (၂၆)

118 12 0
                                    

CHAPTER (26) ချိုချဉ်

မစ္စတာဖု ဆက်နွယ်မှုမှအားကောင်းစွာသဘောနား‌လည်သကဲ့သို့ သူ၏ဗဟုသုတကိုလည်းကောင်း မည်သို့အသုံးချရမည်ကို ကောင်းစွာသဘောပေါက်၏။ ချီပိုင်ချာ မှင်အနီဖြင့် အမှန်ခြစ်တစ်ခု ခြစ်ပေးခဲ့သည်။

အ‌ဖြေမရှိသည့်ပုစ္ဆာများသည် ဖြေရှင်းရန်မည်သည့်နည်းလမ်းများကိုမှ အသုံးပြု၍မရနိုင်ကြောင်းကို ယခုလေးတင်ပြောပြခဲ့သည်။ သူ့အတွက် မစ္စတာဖု ၏အချစ်များမှန်ကန်ကြောင်း ယခုနည်းအားအသုံးပြုလျက် မစ္စတာဖု စာချိုးခဲ့သည်။ ထိုအရာမှာ ယခင်ကပြောပြောနေခဲ့သည့် ပိုင်တု ပေါ်မှအပေါစားအချစ်ဝေါဟာရပုံပြင်များထက် အဆများစွာပို၍နူးညံ့နေ၏။

ကျင်းရန် တစ်ယောက်စက်ကွင်းအပြင်သို့ အလုံးစုံရောက်ရှိနေခဲ့လျက် သူ့နှာခေါင်းအောက်မှတည့်တည့်ဖြတ်ကာ သူ၏အရှေ့မှလူနှစ်ဦးစာ‌ပေးနေခဲ့ကြသည်ကို မသိခဲ့ရ၏။

ထိုအရာအပေါ်၌စဉ်းစားရသာကြပ်နေခဲ့သည်။ ယင်းပုစ္ဆာသည်ရယ်စရာကောင်းနေခဲ့သလော။ အဘယ်ကြောင့် ဖုမင်ယဲ့ နှင့် ချီပိုင်ချာ တို့ပြုံးနေကြသနည်း။ မြေခွေးသည် ဘယ်သောအခါမှအဖြေမရရှိရန် ကြမ္မာဖန်ခဲ့ရသည်။

ယခင်၌ ကျင်းရန် နှင့် ဖုမင်ယဲ့ တို့သည်သက်ဆိုင်ရာဗဟုသုတများနှင့် ထိတွေ့ခဲ့ခြင်းမရှိခဲ့ဖူးသောကြောင့် မည်သည့်အရာမျှနားမလည်လျက် ဘာသာစကားမျိုးစုံတက်သည့် သံတမန်တစ်ယောက်သည် အင်းဆက်တစ်ကောင်နှင့် ဆက်သွယ်မပြောဆိုနိုင်ခဲ့သကဲ့သို့ဖြစ်နေခဲ့ကြသည်။

လူသားများသည် နတ်များနှင့်အနီးစပ်ဆုံးတူသည့်သတ္တဝါများဖြစ်ကြသည်။ နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်ရှိကြပြီး ကမ္ဘာပေါ်၌ ဝိညာဉ်ပိုင်ဆိုင်ရာအကြွယ်ဝဆုံးသော သတ္တဝါများအဖြစ် သိကြသည်။သို့သော် လူနှင့်နတ်သည် လုံးဝမတူသည့်အမျိုးများဖြစ်သဖြင့် အလွန်အမင်းကြီးမားသည့် ချောက်နက်ကြီးတစ်ခုဖြင့်ခြားနားခြင်းခံနေရ၏။

မြေခွေးအတွက်မူ ဆိုဖွယ်ရာမရှိ။ မည်သို့ဆိုစေ ၎င်းတို့အား လျော့မတွက်သင့်သေးပေ။ အရင်၌သင်ယူလေ့လာဖူးခြင်းမရှိခဲ့သော်လည်း တစ်ကြိမ်သင်ယူပြီးသည်နှင့် သာမန်လူထက်ပင် ပို၍လျင်မြန်စွာသဘောပေါက်နားလည်နိုင်ကြသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now